ဂ်ပန္ႏိုင္ငံ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးမႈမ်ား စတင္

ဂ်ပန္ႏိုင္ငံ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးမႈမ်ား စတင္
================
ဇန္နဝါရီ ၂၇
ဂ်ပန္ႏိုင္ငံ၏ ေဖေဖာ္ဝါရီလ ၈ ရက္ ေန႔၌ က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးမႈမ်ားကို အဂၤါေန႔တြင္ ႏိုင္ငံတစ္ဝန္း တရားဝင္စတင္ခဲ့ၿပီး ေအာက္လႊတ္ေတာ္တြင္ အမတ္ေနရာ ၄၆၅ ေနရာစလုံး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။
ေ႐ြးေကာက္ပြဲ၏ အဓိက ဦးတည္ခ်က္မွာ အာဏာရ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ (LDP) ႏွင့္ ဂ်ပန္ အင္ေနာ့ဗတစ္ပါတီ (JIP) တိုက အမတ္ေနရာ အမ်ားစုကို ရယူၿပီး ဝန္ႀကီးခ်ဳပ္ ဆနားအဲ တာကအိခ်ိ၏ အစိုးရက ဆက္လက္ တာဝန္ထမ္ူေဆာင္မည္လား သိုမဟုတ္ အတိုက္အခံမ်ားက ၎၏ အင္အားကို ခ်ဲ႕ထြင္ကာ ယင္းရလဒ္ကို ပိတ္ဆိုမည္ လားဟူ၍ျဖစ္သည္။
ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၄၆၅ ေနရာ အနက္မွ ၂၈၉ ဦးကို တိုင္းေဒသႀကီး ၁၁ ခုမွ ေ႐ြးခ်ယ္ကာ အခ်ိဳးက်ကိုယ္စားျပဳျဖင့္ ၁၇၆ ေနရာကို ေ႐ြးေကာက္တင္ေျမႇာက္မည္ျဖစ္သည္။ အမ်ိဳးသား ႐ုပ္သံလိုင္း NHK မွ ကိုယ္စားလွယ္ေလာင္း ၁,၂၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
ေငြေဖာင္းပြမႈအေပၚ တုံျပန္မႈအျပင္ ႏိုင္ငံျခား ေရးႏွင့္ လုံၿခဳံေရးမူဝါဒမ်ားႏွင့္ပတ္သက္၍ ပါတီမ်ားသည္ မဲဆြယ္ကာလအတြင္း အျပင္းအထန္ ျငင္းခုံစကားရည္လုၾကလိမ့္မည္ဟု NHK က ခန႔္မွန္းထားသည္။
LDP သည္ ယခင္က ေအာက္လႊတ္ေတာ္တြင္ ၁၉၉ ေနရာရရွိခဲ့ၿပီး ၎၏မဟာမိတ္ JIP က ၃၄ ေနရာရရွိထားသည္။ LDP ၏ဥကၠ႒လည္းျဖစ္သည့္ ဆနားအဲ က လာမည့္ေ႐ြးေကာက္ပြဲတြင္ အမ်ားစုအႏိုင္မရပါက ရာထူးမွ ခ်က္ခ်င္းႏုတ္ထြက္မည္ျဖစ္ေၾကာင္း တနလၤာေန႔တြင္ ပါတီေခါင္းေဆာင္မ်ား၏ စကားစစ္ထိုးပြဲတြင္ ေျပာၾကားခဲ့သည္။
မူဝါဒကို ဦးစားေပး အေကာင္အထည္ေဖာ္မည္ဟု ကတိျပဳထားေသာ္လည္း ဧၿပီလတြင္ စတင္မည့္ ပါလီမန္၏ 2026 ဘ႑ာေရးႏွစ္အတြက္ ကနဦးဘတ္ဂ်က္ကို အတည္ျပဳျခင္းမျပဳမီ ႏိုင္ငံေရးအရ ထည့္သြင္းစဥ္းစားရန္ တာခါခ်ီ ၏ အစီအစဥ္ကို အတိုက္အခံပါတီမ်ားက ျပစ္တင္ေဝဖန္ခဲ့ၾကသည္။
Ref:ရွင္းဟြာ
ဂျပန်နိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ စတင်
================
ဇန်နဝါရီ ၂၇
ဂျပန်နိုင်ငံ၏ ဖေဖော်ဝါရီလ ၈ ရက် နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်း တရားဝင်စတင်ခဲ့ပြီး အောက်လွှတ်တော်တွင် အမတ်နေရာ ၄၆၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွေးကောက်ပွဲ၏ အဓိက ဦးတည်ချက်မှာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ဂျပန် အင်နော့ဗတစ်ပါတီ (JIP) တိုက အမတ်နေရာ အများစုကို ရယူပြီး ဝန်ကြီးချုပ် ဆနားအဲ တာကအိချိ၏ အစိုးရက ဆက်လက် တာဝန်ထမ်ူဆောင်မည်လား သိုမဟုတ် အတိုက်အခံများက ၎င်း၏ အင်အားကို ချဲ့ထွင်ကာ ယင်းရလဒ်ကို ပိတ်ဆိုမည် လားဟူ၍ဖြစ်သည်။
အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာ အနက်မှ ၂၈၉ ဦးကို တိုင်းဒေသကြီး ၁၁ ခုမှ ရွေးချယ်ကာ အချိုးကျကိုယ်စားပြုဖြင့် ၁၇၆ နေရာကို ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ အမျိုးသား ရုပ်သံလိုင်း NHK မှ ကိုယ်စားလှယ်လောင်း ၁,၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
ငွေဖောင်းပွမှုအပေါ် တုံပြန်မှုအပြင် နိုင်ငံခြား ရေးနှင့် လုံခြုံရေးမူဝါဒများနှင့်ပတ်သက်၍ ပါတီများသည် မဲဆွယ်ကာလအတွင်း အပြင်းအထန် ငြင်းခုံစကားရည်လုကြလိမ့်မည်ဟု NHK က ခန့်မှန်းထားသည်။
LDP သည် ယခင်က အောက်လွှတ်တော်တွင် ၁၉၉ နေရာရရှိခဲ့ပြီး ၎င်း၏မဟာမိတ် JIP က ၃၄ နေရာရရှိထားသည်။ LDP ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ဆနားအဲ က လာမည့်ရွေးကောက်ပွဲတွင် အများစုအနိုင်မရပါက ရာထူးမှ ချက်ချင်းနုတ်ထွက်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပါတီခေါင်းဆောင်များ၏ စကားစစ်ထိုးပွဲတွင် ပြောကြားခဲ့သည်။
မူဝါဒကို ဦးစားပေး အကောင်အထည်ဖော်မည်ဟု ကတိပြုထားသော်လည်း ဧပြီလတွင် စတင်မည့် ပါလီမန်၏ 2026 ဘဏ္ဍာရေးနှစ်အတွက် ကနဦးဘတ်ဂျက်ကို အတည်ပြုခြင်းမပြုမီ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရန် တာခါချီ ၏ အစီအစဉ်ကို အတိုက်အခံပါတီများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။
Ref:ရှင်းဟွာ




