နီပါးရ္ဗိုင္းရပ္စ္ေရာဂါလကၡဏာမ်ားခံစားရပါက က်န္း မာေရးဌာန၌ လိုအပ္သည့္စစ္ေဆးကုသမႈမ်ားခံယူရန္ က်န္းမာေရးဝန္ႀကီးဌာနအသိေပး

နီပါးရ္ဗိုင္းရပ္စ္ေရာဂါလကၡဏာမ်ားခံစားရပါက က်န္း မာေရးဌာန၌ လိုအပ္သည့္စစ္ေဆးကုသမႈမ်ားခံယူရန္ က်န္းမာေရးဝန္ႀကီးဌာနအသိေပး
=================
ဇန္နဝါရီ ၂၈
ျမန္မာႏိုင္ငံတြင္ နီပါးရ္ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈမ်ားေတြ႕ရွိရျခင္းမရွိေသးေသာ္လည္း နီပါးရ္ဗိုင္းရပ္စ္ေရာ ဂါလကၡဏာမ်ားခံစားရပါက က်န္းမာေရးဌာန၌ လိုအပ္သည့္စစ္ေဆးကုသမႈမ်ားခံယူရန္ က်န္းမာေရးဝန္ႀကီး ဌာနမွ ဇန္နဝါရီ ၂၆ ရက္က အသိေပးထုတ္ျပန္ခဲ့သည္။
ျမန္မာႏိုင္ငံသည္ နီပါးရ္ဗိုင္းရပ္စ္၏ မူလလက္ခံေကာင္ လင္းႏိုမ်ိဳးစိတ္ျဖစ္သည့္ သစ္သီးစားလင္းႏို/လင္းဆြဲမ်ားေပါမ်ားစြာတည္ရွိရာေဒသျဖစ္ၿပီး ကူးစက္မႈမ်ားမၾကာခဏျဖစ္ပြားေလ့ရွိသည့္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေန၍ နီပါးရ္ဗိုင္းရပ္စ္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အထူးအေလးေပးေဆာင္႐ြက္လ်က္ရွိသည္ဟု အသိေပးခဲ့သည္။
ထိုေၾကာင့္ လတ္တေလာ နီပါးရ္ဗိုင္းရပ္စ္ေရာဂါျဖစ္ ပြားေနသည့္ေဒသမ်ားသို မလိုအပ္ဘဲခရီးမသြားရန္၊ လတ္တေလာေရာဂါျဖစ္ပြားရာေဒသမ်ားသိုေရာက္ရွိေနသူမ်ားသည္ ေရာဂါျဖစ္ပြားရာေဒသမ်ားရွိ ေဆး႐ုံမ်ား(သို)ဖ်ားနာသူမ်ားျပားေသာ ေနရာမ်ားသိုမလိုအပ္ဘဲသြားေရာက္ျခင္းမျပဳရန္ အသိေပးခဲ့သည္။
ထိုျပင္ လတ္တေလာေရာဂါျဖစ္ပြားရာေဒသမ်ားသို ခ ရီးသြားခဲ့ၿပီး မိမိႏိုင္ငံသိုျပန္လာစဥ္၌ သံသယေရာဂါလ ကၡဏာမ်ားျဖစ္သည့္ ျပင္းထန္စြာဖ်ားျခင္း၊ ေခါင္း ကိုက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉရခက္ခဲျခင္း၊ စိတ္ရႈပ္ေထြးျခင္း(သို)အိပ္ငိုက္ျခင္းတိုခံစားရပါက ေလဆိပ္က်န္းမာေရးဌာန(သို)နယ္စပ္ဝင္/ထြက္ေပါက္မ်ားရွိ တာဝန္က်က်န္းမာေရးဝန္ထမ္းမ်ားထံ မပ်က္မ ကြက္သတင္းပိုရမည္ဟု အသိေပးခဲ့သည္။
အကယ္၍ ေရာဂါျဖစ္ပြားရာေဒသမွျပန္လာၿပီး (၁၄) ရက္အတြင္း သံသယေရာဂါလကၡဏာမ်ားခံစားရပါက ခ်က္ခ်င္းနီးစပ္ရာက်န္းမာေရးဌာနသိုဆက္သြယ္၍ ေရာဂါျဖစ္ပြားရာေဒသသို ခရီးသြားခဲ့သည့္ရာဇဝင္ရွိေၾကာင္းကို ဆရာဝန္အားေသခ်ာစြာေျပာျပၿပီး လိုအပ္သည့္စမ္းသပ္စစ္ေဆးကုသမႈမ်ားအခ်ိန္မွီခံယူရန္ အသိေပးခဲ့သည္။
ထိုအတူ မိသားစုတြင္ေရာဂါျဖစ္ပြားရာႏိုင္ငံမ်ားမွ ျပန္ လည္ေရာက္ရွိလာသည့္ သံသယျဖစ္ဖြယ္ေရာဂါ လကၡ ဏာရွိသူမ်ားေတြ႕ရွိျခင္း၊ ေနထိုင္ရာပတ္ဝန္းက်င္တြင္ တိရစာၦန္မ်ား(ဝက္/လင္းႏို)တို ထူးထူးျခားျခားေသဆုံးျခင္းမ်ားေတြ႕ရွိပါက နီးစပ္ရာက်န္းမာေရးဌာနသို ခ်က္ ခ်င္းအသိေပးအေၾကာင္းၾကားရန္လည္း အသိေပးခဲ့သည္။
နီပါးရ်ဗိုင်းရပ်စ်ရောဂါလက္ခဏာများခံစားရပါက ကျန်း မာရေးဌာန၌ လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီးဌာနအသိပေး
=================
ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများတွေ့ရှိရခြင်းမရှိသေးသော်လည်း နီပါးရ်ဗိုင်းရပ်စ်ရော ဂါလက္ခဏာများခံစားရပါက ကျန်းမာရေးဌာန၌ လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ဇန်နဝါရီ ၂၆ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် နီပါးရ်ဗိုင်းရပ်စ်၏ မူလလက်ခံကောင် လင်းနိုမျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို/လင်းဆွဲများပေါများစွာတည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထိုကြောင့် လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ် ပွားနေသည့်ဒေသများသို မလိုအပ်ဘဲခရီးမသွားရန်၊ လတ်တလောရောဂါဖြစ်ပွားရာဒေသများသိုရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာဒေသများရှိ ဆေးရုံများ(သို)ဖျားနာသူများပြားသော နေရာများသိုမလိုအပ်ဘဲသွားရောက်ခြင်းမပြုရန် အသိပေးခဲ့သည်။
ထိုပြင် လတ်တလောရောဂါဖြစ်ပွားရာဒေသများသို ခ ရီးသွားခဲ့ပြီး မိမိနိုင်ငံသိုပြန်လာစဉ်၌ သံသယရောဂါလ က္ခဏာများဖြစ်သည့် ပြင်းထန်စွာဖျားခြင်း၊ ခေါင်း ကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း(သို)အိပ်ငိုက်ခြင်းတိုခံစားရပါက လေဆိပ်ကျန်းမာရေးဌာန(သို)နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျကျန်းမာရေးဝန်ထမ်းများထံ မပျက်မ ကွက်သတင်းပိုရမည်ဟု အသိပေးခဲ့သည်။
အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှပြန်လာပြီး (၁၄) ရက်အတွင်း သံသယရောဂါလက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာကျန်းမာရေးဌာနသိုဆက်သွယ်၍ ရောဂါဖြစ်ပွားရာဒေသသို ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အားသေချာစွာပြောပြပြီး လိုအပ်သည့်စမ်းသပ်စစ်ဆေးကုသမှုများအချိန်မှီခံယူရန် အသိပေးခဲ့သည်။
ထိုအတူ မိသားစုတွင်ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန် လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ်ရောဂါ လက္ခ ဏာရှိသူများတွေ့ရှိခြင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ(ဝက်/လင်းနို)တို ထူးထူးခြားခြားသေဆုံးခြင်းများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို ချက် ချင်းအသိပေးအကြောင်းကြားရန်လည်း အသိပေးခဲ့သည်။




