ငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့သည့္ တြင္း႐ြာ အ ထ က ေက်ာင္းကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအး သြားေရာက္ၾကည့္ရႈကာ ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ေတြ႕ဆုံခဲ့



ငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့သည့္ တြင္း႐ြာ အ ထ က ေက်ာင္းကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအး သြားေရာက္ၾကည့္ရႈကာ ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ေတြ႕ဆုံခဲ့
==============================
ေပ်ာ္ဘြယ္ ၊ ဇန္နဝါရီ ၂၇
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ တြင္း႐ြာရွိ
အေျခခံပညာအထက္တန္းေက်ာင္း(တြင္း႐ြာ)တြင္ မႏၲေလးငလ်င္ေၾကာင့္ထိခိုက္ပ်က္စီးခဲ့သည့္ စာသင္ေဆာင္မ်ားကိုသြားေရာက္ၾကည့္ရႈခဲ့ၿပီး လိုအပ္သည္မ်ားတင္ျပေဆာင္႐ြက္ရန္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ၿပီး ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။
ေဒသခံ႐ြာသူ႐ြာသားမ်ားက မိမိတို႔ေက်း႐ြာအုပ္စုအတြင္း လမ္းတံတားမ်ား ၊ငလ်င္ဒါဏ္ေၾကာင့္ ပ်က္စီးခဲ့ရသည့္ ဘုရားေစတီမ်ား ၊ သာသနိကအေဆာက္အအုံမ်ား ႏွင့္ စာသင္ေဆာင္မ်ား ပ်က္စီးထိခိုက္ခဲ့မႈမ်ားအပါအဝင္ ေက်း႐ြာႏွင့္ပက္သက္သည့္လိုအပ္ခ်က္မ်ားကို တင္ျပေဆြးေႏြးခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးက ေက်း႐ြာလိုအပ္ခ်က္မ်ားကို ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးေဆာင္႐ြက္ခဲ့သည္။
ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တွင်းရွာ အ ထ က ကျောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး သွားရောက်ကြည့်ရှုကာ ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံခဲ့
==============================
ပျော်ဘွယ် ၊ ဇန်နဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် တွင်းရွာရှိ
အခြေခံပညာအထက်တန်းကျောင်း(တွင်းရွာ)တွင် မန္တလေးငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များကိုသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များတင်ပြဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေသခံရွာသူရွာသားများက မိမိတို့ကျေးရွာအုပ်စုအတွင်း လမ်းတံတားများ ၊ငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီများ ၊ သာသနိကအဆောက်အအုံများ နှင့် စာသင်ဆောင်များ ပျက်စီးထိခိုက်ခဲ့မှုများအပါအဝင် ကျေးရွာနှင့်ပက်သက်သည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ကျေးရွာလိုအပ်ချက်များကို ဒေသခံရွာသူရွာသားများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။




