အာဆီယံသန႔္ရွင္းေသာခရီးသြားၿမိဳ႕ေတာ္ဆု ဘားအံၿမိဳ႕ ရရွိ

အာဆီယံသန႔္ရွင္းေသာခရီးသြားၿမိဳ႕ေတာ္ဆု ဘားအံၿမိဳ႕ ရရွိ
=================
ကရင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ဘားအံၿမိဳ႕ဟာ ၂၀၂၆ ခုႏွစ္အတြက္ ပၪၥမအႀကိမ္ေျမာက္ အာဆီယံသန႔္ရွင္းေသာခရီး သြားၿမိဳ႕ေတာ္ဆုကို ရရွိခဲ့တယ္လို႔ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက သိရပါတယ္။
အဲဒီအျပင္ ဘားအံၿမိဳ႕ဟာ ၂၀၂၅ ခုႏွစ္အတြက္ ၆ ႀကိမ္ေျမာက္ အာဆီယံပတ္ဝန္းက်င္ဆိုင္ရာ စဥ္ဆက္မျပတ္ ဖြံ႕ ၿဖိဳးေသာၿမိဳ႕ႀကီးမ်ားဆုကိုလည္း ရရွိခဲ့ပါတယ္။
ကရင္ျပည္နယ္ဟာ သဘာဝေတာေတာင္ေရေျမ ခရီးသြားအရင္းအျမစ္ အေျခခံေကာင္းေတြ ေပါႂကြယ္ဝတာ ေၾကာင့္ ႏိုင္ငံရဲ႕ခရီးစဥ္ေဒသေတြမွာ ထင္ေပၚေက်ာ္ၾကားေနတာ ျဖစ္ပါတယ္။
ကရင္ျပည္နယ္ကို ၂၀၂၄ ခုႏွစ္မွာ ျပည္တြင္းျပည္ပခရီးသည္ဝင္ေရာက္မႈက ၄၆၉၀၀၀ ေက်ာ္ လာေရာက္ လည္ပတ္ခဲ့ၿပီး ၂၀၂၅ ခုႏွစ္မွာ ၆ သိန္း ၉ ေထာင့္ ၉ ကိုးရာေက်ာ္ လာေရာက္လည္ပတ္ခဲ့ၿပီး ဒီလိုလာေရာက္ လည္ပတ္ခဲ့တာေၾကာင့္ ဟိုတယ္နဲ႔တည္းခိုရိပ္သာေတြကေန ဝင္ေငြ ၉၄ ဒသမ ၆၃ ရာခိုင္ႏႈန္း တိုးတက္ ရရွိခဲ့တယ္လို႔ သိရပါတယ္။ #ဟိုတယ္ႏွင့္ခရီး


အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု ဘားအံမြို့ ရရှိ
=================
ကရင်ပြည်နယ်ရဲ့ မြို့တော်ဘားအံမြို့ဟာ ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီး သွားမြို့တော်ဆုကို ရရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
အဲဒီအပြင် ဘားအံမြို့ဟာ ၂၀၂၅ ခုနှစ်အတွက် ၆ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးသောမြို့ကြီးများဆုကိုလည်း ရရှိခဲ့ပါတယ်။
ကရင်ပြည်နယ်ဟာ သဘာဝတောတောင်ရေမြေ ခရီးသွားအရင်းအမြစ် အခြေခံကောင်းတွေ ပေါကြွယ်ဝတာ ကြောင့် နိုင်ငံရဲ့ခရီးစဉ်ဒေသတွေမှာ ထင်ပေါ်ကျော်ကြားနေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ကို ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းပြည်ပခရီးသည်ဝင်ရောက်မှုက ၄၆၉၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၆ သိန်း ၉ ထောင့် ၉ ကိုးရာကျော် လာရောက်လည်ပတ်ခဲ့ပြီး ဒီလိုလာရောက် လည်ပတ်ခဲ့တာကြောင့် ဟိုတယ်နဲ့တည်းခိုရိပ်သာတွေကနေ ဝင်ငွေ ၉၄ ဒသမ ၆၃ ရာခိုင်နှုန်း တိုးတက် ရရှိခဲ့တယ်လို့ သိရပါတယ်။ #ဟိုတယ်နှင့်ခရီး