အင္ဒိုနီးရွားက Rafale တိုက္ေလယာဥ္မ်ား ပထမဆုံးအသုတ္လက္ခံရရွိ

အင္ဒိုနီးရွားက Rafale တိုက္ေလယာဥ္မ်ား ပထမဆုံးအသုတ္လက္ခံရရွိ
==================
(ႏိုင္ငံတကာ) ဇန္နဝါရီ ၂၇

အင္ဒိုနီးရွားႏိုင္ငံသည္ ျပင္သစ္ႏိုင္ငံမွ မွာယူထားသည့္ Rafale အဆင့္ျမင့္ဘက္စုံသုံး တိုက္ေလယာဥ္မ်ား အနက္ ပထမဆုံး အသုတ္ကိုလက္ခံရရွိၿပီျဖစ္ေၾကာင္း အစိုးရ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ယခု ေလယာဥ္မ်ား ေရာက္ရွိလာျခင္းသည္ အင္ဒိုနီးရွားေလတပ္၏ ကာကြယ္ေရး စြမ္းရည္ကိုျမႇင့္တင္ရန္ႏွင့္ ေခတ္မီစစ္ လက္နက္ ပစၥည္းမ်ား အစားထိုးလဲလွယ္ရန္ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းျဖစ္သည္။

အင္ဒိုနီးရွားအစိုးရသည္ ျပင္သစ္ႏိုင္ငံ Dassault Aviation မွ Rafale တိုက္ေလယာဥ္စုစုေပါင္း ၄၂ စင္း ဝယ္ယူရန္ ၂ဝ၂၂ ခုႏွစ္တြင္ သေဘာတူညီခ်က္ရရွိခဲ့ျခင္းျဖစ္သည္။

ထိုသေဘာတူညီခ်က္အရ ပထမဆုံး ေလယာဥ္ သုံးစင္းေရာက္ရွိလာျခင္းျဖစ္ကာ က်န္ရွိသည့္ေလယာဥ္မ်ားကိုလည္း ယခုႏွစ္အတြင္း ဆက္လက္လႊဲေျပာင္းေပး သြားမည္ျဖစ္သည္။

ယခုတိုက္ေလယာဥ္မ်ားသည္ အင္ဒိုနီးရွားေလတပ္ရွိ သက္တမ္းရင့္ေနေသာ ေလယာဥ္မ်ားေနရာ၌ အစားထိုး တာဝန္ထမ္းေဆာင္သြားမည္ျဖစ္သည္။

ကာကြယ္ေရးဝန္ႀကီးဌာနသည္ ႏိုင္ငံ၏ကာကြယ္ေရး အင္အားေတာင့္တင္း ေစရန္ Rafale တိုက္ ေလယာဥ္မ်ားအျပင္ အျခားေခတ္မီ စစ္လက္နက္ပစၥည္းမ်ားကိုလည္း ႏိုင္ငံတကာမွ ဝယ္ယူေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း ST သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


အင်ဒိုနီးရှားက Rafale တိုက်လေယာဉ်များ ပထမဆုံးအသုတ်လက်ခံရရှိ
==================
(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

အင်ဒိုနီးရှားနိုင်ငံသည် ပြင်သစ်နိုင်ငံမှ မှာယူထားသည့် Rafale အဆင့်မြင့်ဘက်စုံသုံး တိုက်လေယာဉ်များ အနက် ပထမဆုံး အသုတ်ကိုလက်ခံရရှိပြီဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခု လေယာဉ်များ ရောက်ရှိလာခြင်းသည် အင်ဒိုနီးရှားလေတပ်၏ ကာကွယ်ရေး စွမ်းရည်ကိုမြှင့်တင်ရန်နှင့် ခေတ်မီစစ် လက်နက် ပစ္စည်းများ အစားထိုးလဲလှယ်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။

အင်ဒိုနီးရှားအစိုးရသည် ပြင်သစ်နိုင်ငံ Dassault Aviation မှ Rafale တိုက်လေယာဉ်စုစုပေါင်း ၄၂ စင်း ဝယ်ယူရန် ၂ဝ၂၂ ခုနှစ်တွင် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီချက်အရ ပထမဆုံး လေယာဉ် သုံးစင်းရောက်ရှိလာခြင်းဖြစ်ကာ ကျန်ရှိသည့်လေယာဉ်များကိုလည်း ယခုနှစ်အတွင်း ဆက်လက်လွှဲပြောင်းပေး သွားမည်ဖြစ်သည်။

ယခုတိုက်လေယာဉ်များသည် အင်ဒိုနီးရှားလေတပ်ရှိ သက်တမ်းရင့်နေသော လေယာဉ်များနေရာ၌ အစားထိုး တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်း စေရန် Rafale တိုက် လေယာဉ်များအပြင် အခြားခေတ်မီ စစ်လက်နက်ပစ္စည်းများကိုလည်း နိုင်ငံတကာမှ ဝယ်ယူရေး ကြိုးပမ်းလျက်ရှိကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။