သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း (၂) မ်ိဳးကို FDA ထုတ္ျပန္

သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း (၂) မ်ိဳးကို FDA ထုတ္ျပန္
=================
ေဈးကြက္အတြင္း အလွကုန္ပစၥည္း (၂) မ်ိဳးကို သုံးစြဲရန္မသင့္ေၾကာင္း အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ျပည္တြင္း၌ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာ အလွကုန္ပစၥည္း(၂)မ်ိဳးသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီး ဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓါတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထု သုံးစြဲရန္မသင့္ေတာ္ေၾကာင္း အသိေပးထားသည္။
အလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီလက္ကားဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အမ်ားျပည္သူ သုံးစြဲရန္မသင့္ေၾကာင္း ေၾကညာထားသည့္အလွကုန္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္ (Ethic)အရ လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ) အရ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ က်န္းမာေရးဝန္ႀကီးဌာန၏လမ္းၫႊန္မႈျဖင့္ အရည္အေသြးစစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူတို႔သုံးစြဲႏိုင္ရန္ စနစ္တက်ကြပ္ကဲလ်က္ရွိသည္။ #Popular
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂) မျိုးကို FDA ထုတ်ပြန်
=================
ဈေးကွက်အတွင်း အလှကုန်ပစ္စည်း (၂) မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးထားသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိသည်။ #Popular




