ဗင္နီဇြဲလားစစ္ဆင္ေရး၌ လွ်ိဳ႕ဝွက္လက္နက္တစ္မ်ိဳးကို အသုံးျပဳခဲ့ဟု ေဒၚနယ္ထရမ့္ ထုတ္ေျပာ

ဗင္နီဇြဲလားစစ္ဆင္ေရး၌ လွ်ိဳ႕ဝွက္လက္နက္တစ္မ်ိဳးကို အသုံးျပဳခဲ့ဟု ေဒၚနယ္ထရမ့္ ထုတ္ေျပာ
=================
ဇန္နဝါရီ ၂၆
ဇန္နဝါရီလအေစာပိုင္းတြင္ ဗင္နီဇြဲလားႏိုင္ငံ၌ လုပ္ေဆာင္ခဲ့ေသာ စစ္ဆင္ေရးတြင္ လွ်ိဳ႕ဝွက္လက္နက္ ဆန္းတစ္မ်ိဳးကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဇန္နဝါရီလ ၂၄ ရက္တြင္ ထုတ္ေဖာ္ေျပာသည္။
အေမရိကန္တပ္ဖြဲ႕မ်ားသည္ ဗင္နီဇြဲလား၌ The Discombobulator ဟုေခၚသည့္ လက္နက္တစ္မ်ိဳးကို အသုံးျပဳခဲ့ၿပီး အဆိုပါလက္နက္ေၾကာင့္ ရန္သူ၏စစ္လက္နက္မ်ား အလုပ္လုပ္ႏိုင္ျခင္း မရွိခဲေၾကာင္း၊ ယင္းလက္နက္အေၾကာင္းႏွင့္ပတ္သက္၍ အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားခြင့္ မျပဳထာေၾကာင္း သမၼတေဒၚနယ္ထရမ့္ က New York Post သတင္းဌာနႏွင့္ သီးသန႔္အင္တာဗ်ဴးတြင္ ေျပာထားျခင္း ျဖစ္သည္။
ဗင္နီဇြဲလား၌ လက္နက္အသုံးျပဳျခင္းကို ၎ကိုယ္တိုင္ခြင့္ျပေပးလိုက္ျခင္း ျဖစ္ေၾကာင္း၊ ဗင္နီဇြဲလား စစ္ဘက္အေနျဖင့္ ဒုံးက်ည္တစ္စင္းမွ်ကိုပင္ ပစ္လႊတ္ႏိုင္ျခင္းမရွိေၾကာင္း၊ ထို႔ေနာက္ အေမရိကန္တပ္ဖြဲ႕မ်ားက ဗင္နီဇြဲလားသို႔ အလြယ္တကူ ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဗင္နီဇြဲလားတို႔အေနျဖင့္ ပစ္ခတ္ေရးခလုတ္မ်ားကို ႏွိပ္ေသာ္လည္း မည္သည့္အရာမွ် ဆက္မျဖစ္လာေၾကာင္း ထရမ့္ က ေျပာသည္။
ဗင္နီဇြဲလားသမၼတ နီကိုးလပ္ မာဒူ႐ို ကို အေမရိကန္တပ္ဖြဲ႕မ်ားက ဝင္ေရာက္ဖမ္းဆီးခ်ိန္တြင္ ဗင္နီဇြဲလား တပ္ဖြဲ႕ဝင္မ်ားမွာ ႏွာေခါင္းေသြးလွ်ံျခင္း၊ ေသြးအန္ျခင္းတို႔ ျဖစ္ပြားၿပီး ဒူးေထာက္က်သြားေၾကာင္းႏွင့္ ထိုအခ်ိန္တြင္ ေရဒါစနစ္မ်ားအားလုံး ႐ုတ္တရက္ပိတ္သြားေၾကာင္း ထိုတပ္ဖြဲ႕ဝင္မ်ားကေျပာထားသည္ဟု New York Post သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ဗင်နီဇွဲလားစစ်ဆင်ရေး၌ လျှို့ဝှက်လက်နက်တစ်မျိုးကို အသုံးပြုခဲ့ဟု ဒေါ်နယ်ထရမ့် ထုတ်ပြော
=================
ဇန်နဝါရီ ၂၆
ဇန်နဝါရီလအစောပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးတွင် လျှို့ဝှက်လက်နက် ဆန်းတစ်မျိုးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြောသည်။
အမေရိကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလား၌ The Discombobulator ဟုခေါ်သည့် လက်နက်တစ်မျိုးကို အသုံးပြုခဲ့ပြီး အဆိုပါလက်နက်ကြောင့် ရန်သူ၏စစ်လက်နက်များ အလုပ်လုပ်နိုင်ခြင်း မရှိခဲကြောင်း၊ ယင်းလက်နက်အကြောင်းနှင့်ပတ်သက်၍ အချက်အလက်များကို ထုတ်ဖော်ပြောကြားခွင့် မပြုထာကြောင်း သမ္မတဒေါ်နယ်ထရမ့် က New York Post သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောထားခြင်း ဖြစ်သည်။
ဗင်နီဇွဲလား၌ လက်နက်အသုံးပြုခြင်းကို ၎င်းကိုယ်တိုင်ခွင့်ပြပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ဗင်နီဇွဲလား စစ်ဘက်အနေဖြင့် ဒုံးကျည်တစ်စင်းမျှကိုပင် ပစ်လွှတ်နိုင်ခြင်းမရှိကြောင်း၊ ထို့နောက် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသို့ အလွယ်တကူ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗင်နီဇွဲလားတို့အနေဖြင့် ပစ်ခတ်ရေးခလုတ်များကို နှိပ်သော်လည်း မည်သည့်အရာမျှ ဆက်မဖြစ်လာကြောင်း ထရမ့် က ပြောသည်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ် မာဒူရို ကို အမေရိကန်တပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးချိန်တွင် ဗင်နီဇွဲလား တပ်ဖွဲ့ဝင်များမှာ နှာခေါင်းသွေးလျှံခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်ပွားပြီး ဒူးထောက်ကျသွားကြောင်းနှင့် ထိုအချိန်တွင် ရေဒါစနစ်များအားလုံး ရုတ်တရက်ပိတ်သွားကြောင်း ထိုတပ်ဖွဲ့ဝင်များကပြောထားသည်ဟု New York Post သတင်းဌာနဖော်ပြချက်အရ သိရသည်။



