ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းလိမ္လည္ကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္သူ ျမန္မာႏိုင္ငံသားမ်ားအား ဒုတိယအသုတ္အျဖစ္ ထပ္မံျပန္လည္ေခၚေဆာင္

ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းလိမ္လည္ကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္သူ ျမန္မာႏိုင္ငံသားမ်ားအား ဒုတိယအသုတ္အျဖစ္ ထပ္မံျပန္လည္ေခၚေဆာင္
=================
ဇန္နဝါရီ ၂၆

ကေမာၻဒီးယားႏိုင္ငံရွိ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္သည့္ ျမန္မာႏိုင္ငံသားမ်ားအား ဒုတိယအသုတ္အျဖစ္ ဇန္နဝါရီ ၂၅ ရက္ေန႔က ျမန္မာႏိုင္ငံသား ၅၆၆ ဦးကို ျပန္လည္ေခၚယူခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဒုတိယအသုတ္အေနျဖင့္ ျမန္မာႏိုင္ငံသား(၅၀) ကို ဇန္နဝါရီ (၂၅)ရက္တြင္ ျမန္မာ့ေလေၾကာင္းလိုင္း(MAI)ျဖင့္ မႏၲေလးေလဆိပ္သို႔ ပိုေဆာင္ခဲ့ၿပီး၊ ၁၉၀ ကို ညေနပိုင္းတြင္ တပ္မေတာ္ေလယာဥ္ ႏွင့္  ၿမိတ္ၿမိဳ႕ သို႔ ေခၚေဆာင္ခဲ့ၿပီ ထပ္မံ၍ ၁၉၀ ဦးကိုလည္း ထပ္မံေခၚယူၿပီး   စုစုေပါင္း ၅၆၆ ဦး ျပန္လည္ေရာက္ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ပထမအသုတ္အေနျဖင့္ ျမန္မာႏိုင္ငံသား ၁၃၆ ဦးကိုလည္း ဇန္နဝါရီ ၂၃ ရက္က မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေခၚေဆာင္ထားေၾကာင္းလည္း သိရသည္။

လက္ရွိ ကေမာၻဒီးယားႏိုင္ငံတြင္ က်န္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားကို အျမန္ဆုံးျပန္လည္ေခၚေဆာင္ႏိုင္ေရးအတြက္လည္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်ကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်
=================
ဇန်နဝါရီ ၂၆

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ဇန်နဝါရီ ၂၅ ရက်နေ့က မြန်မာနိုင်ငံသား ၅၆၆ ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား(၅၀) ကို ဇန်နဝါရီ (၂၅)ရက်တွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် မန္တလေးလေဆိပ်သို့ ပိုဆောင်ခဲ့ပြီး၊ ၁၉၀ ကို ညနေပိုင်းတွင် တပ်မတော်လေယာဉ် နှင့်  မြိတ်မြို့ သို့ ခေါ်ဆောင်ခဲ့ပြီ ထပ်မံ၍ ၁၉၀ ဦးကိုလည်း ထပ်မံခေါ်ယူပြီး   စုစုပေါင်း ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်း ဇန်နဝါရီ ၂၃ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ထားကြောင်းလည်း သိရသည်။

လက်ရှိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။