ပါကစၥတန္ႏိုင္ငံ၌ တရားမဝင္ ေဆးကုေနသည့္ ဆရာဝန္အတု ၆ သိန္းေက်ာ္ရွိ

ပါကစၥတန္ႏိုင္ငံ၌ တရားမဝင္ ေဆးကုေနသည့္ ဆရာဝန္အတု ၆ သိန္းေက်ာ္ရွိ
=========================
ဇန္ ၂၆
ပါကစၥတန္ႏိုင္ငံ၌ တရားမဝင္ေဆးကုသမႈ လုပ္ေနသည့္ ဆရာဝန္အတု ၆ သိန္းေက်ာ္ရွိေၾကာင္း ပါကစၥတန္ေဆးဘက္ဆိုင္ရာ အသင္း၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ လက္ရွိျဖစ္ပြားေနသည့္အေျခအေနသည္ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ကူးစက္ေရာဂါသဖြယ္ အႏၲရာယ္ရွိသည့္အေျခအေနအျဖစ္ က်န္းမာေရးပညာရွင္မ်ားက သတ္မွတ္ထားသည္။

အရည္အခ်င္းမျပည့္သည့္ အဆိုပါပုဂၢိဳလ္မ်ားသည္ ေဆး႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ၿပီး အေတြ႕အႀကဳံအနည္းငယ္ ရရွိလာပါက ကိုယ္ပိုင္ေဆးခန္းဖြင့္လွစ္ကာ ဆင္းရဲေသာ ျပည္သူမ်ားကို ပစ္မွတ္ထားကုသေပးေနျခင္းျဖစ္သည္။ ၎တို႔သည္ ေဆးဝါးမ်ား၏ ေဘးထြက္ဆိုးက်ိဳးႏွင့္ လိုအပ္သည့္တိက်ေသာ ပမာဏကို နားမလည္သည့္အျပင္ ေဆးထိုးအပ္ႏွင့္ ကိရိယာမ်ားကို ပိုးသတ္ျခင္းမရွိဘဲ ထပ္ခါတလဲလဲ အသုံးျပဳေနျခင္းျဖစ္သည္။

ထိုေဆာင္႐ြက္မႈမ်ားေၾကာင့္ အသည္းေရာင္အသားဝါေရာဂါႏွင့္ AIDS ေရာဂါမ်ား ပိုမိုျပန႔္ပြားလာေစရန္ တြန္းအားေပးေနသကဲ့သို႔ ျဖစ္ေနသည္။ တရားမဝင္ေဆးခန္းမ်ားကို တာဝန္ရွိသူမ်ားက လိုက္လံပိတ္သိမ္းေနေသာ္လည္း ဥပေဒေၾကာင္းအရ အားနည္းမႈမ်ားေၾကာင့္ ထိထိေရာက္ေရာက္ တားဆီးႏိုင္ျခင္းမရွိေၾကာင္း သိရသည္။


ပါကစ္စတန်နိုင်ငံ၌ တရားမဝင် ဆေးကုနေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိ
=========================
ဇန် ၂၆
ပါကစ္စတန်နိုင်ငံ၌ တရားမဝင်ဆေးကုသမှု လုပ်နေသည့် ဆရာဝန်အတု ၆ သိန်းကျော်ရှိကြောင်း ပါကစ္စတန်ဆေးဘက်ဆိုင်ရာ အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါသဖွယ် အန္တရာယ်ရှိသည့်အခြေအနေအဖြစ် ကျန်းမာရေးပညာရှင်များက သတ်မှတ်ထားသည်။

အရည်အချင်းမပြည့်သည့် အဆိုပါပုဂ္ဂိုလ်များသည် ဆေးရုံများတွင် အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံအနည်းငယ် ရရှိလာပါက ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ကာ ဆင်းရဲသော ပြည်သူများကို ပစ်မှတ်ထားကုသပေးနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးနှင့် လိုအပ်သည့်တိကျသော ပမာဏကို နားမလည်သည့်အပြင် ဆေးထိုးအပ်နှင့် ကိရိယာများကို ပိုးသတ်ခြင်းမရှိဘဲ ထပ်ခါတလဲလဲ အသုံးပြုနေခြင်းဖြစ်သည်။

ထိုဆောင်ရွက်မှုများကြောင့် အသည်းရောင်အသားဝါရောဂါနှင့် AIDS ရောဂါများ ပိုမိုပြန့်ပွားလာစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။ တရားမဝင်ဆေးခန်းများကို တာဝန်ရှိသူများက လိုက်လံပိတ်သိမ်းနေသော်လည်း ဥပဒေကြောင်းအရ အားနည်းမှုများကြောင့် ထိထိရောက်ရောက် တားဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။