


=======================
ဇန်နဝါရီ ၂၂၊ ရန်ကုန်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သာကေတမြို့နယ်ရှိ ပါတီဝင်များနှင့်တွေ့ဆုံ
=======================
ဇန်နဝါရီ ၂၂၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်စိုးနှင့်အတူ ၂၁-၁-၂၀၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ပါတီရုံးသို့ သွားရောက်ပြီး မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။




