မဟာဂႏၶာ႐ုံေက်ာင္းတိုက္ႀကီးကို ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္မိသားစုက ေငြက်ပ္ သိန္း တစ္ေထာင္လႉဒါန္း


မဟာဂႏၶာ႐ုံေက်ာင္းတိုက္ႀကီးကို ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္မိသားစုက ေငြက်ပ္ သိန္း တစ္ေထာင္လႉဒါန္း
==========================
(ျပည္တြင္း) ဇန္နဝါရီ ၂၁
မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕မွာရွိတဲ့ မဟာဂႏၶာ႐ုံေက်ာင္းတိုက္ႀကီးရဲ႕ ပစၥည္းေလးပါးကုသိုလ္ရွင္အျဖစ္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္မိသားစုက အလႉေငြက်ပ္ သိန္း ၁၀၀၀ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
မဟာဂႏၶာ႐ုံေက်ာင္းတိုက္မွာရွိတဲ့ သံဃာေတာ္ အရွင္သူျမတ္ေတြရဲ႕ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆး၊ ပညာေရး အစရွိတဲ့ လိုအပ္ရာရာ အသုံးျပဳႏိုင္ဖို႔အတြက္ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္ ဇနီး ေဒၚခင္ခင္ဝင္း မိသားစုက လႉဒါန္းတာလို႔ မိသားစုနဲ႔နီးစပ္တဲ့ ေ႐ႊျပည္ေတာ္သို႔ဆုံမွတ္အသင္းအတြင္းေရးမႉးထံက သိရပါတယ္။
ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) အေနနဲ႔ ဝါတြင္းေတြမွာ ပုံမွန္ တစ္ႏွစ္တစ္ႀကိမ္ ကိုယ္တိုင္ ဒါမွမဟုတ္ ကိုယ္စားလွယ္လႊတ္ကာ မိသားစုအလႉအျဖစ္ ဆြမ္းဆက္ကပ္လႉဒါန္းေလ့ရွိတယ္လို႔လည္း အသင္းအတြင္းေရးမႉး ဦးေအာင္ပိုင္မင္းက ေျပာပါတယ္။
ဒီႏွစ္မွာေတာ့ ပုံမွန္ျပဳလုပ္ေနၾက မိသားစုအလႉအျဖစ္ မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕မွာရွိတဲ့ မဟာဂႏၶာ႐ုံေက်ာင္းတိုက္ႀကီးရဲ႕ ပစၥည္းေလးပါးအလႉအျဖစ္ အလႉေငြက်ပ္ သိန္း ၁၀၀၀ ကို ကိုယ္စားလွယ္လႊတ္ကာ လႉဒါန္းတာျဖစ္တယ္လို႔ သိရပါတယ္။
မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်မိသားစုက ငွေကျပ် သိန်း တစ်ထောင်လှူဒါန်း
==========================
(ပြည်တွင်း) ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ပစ္စည်းလေးပါးကုသိုလ်ရှင်အဖြစ် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်မိသားစုက အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မဟာဂန္ဓာရုံကျောင်းတိုက်မှာရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေရဲ့ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပညာရေး အစရှိတဲ့ လိုအပ်ရာရာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက လှူဒါန်းတာလို့ မိသားစုနဲ့နီးစပ်တဲ့ ရွှေပြည်တော်သို့ဆုံမှတ်အသင်းအတွင်းရေးမှူးထံက သိရပါတယ်။
နိုင်ငံတော်သမ္မတ(ငြိမ်း) အနေနဲ့ ဝါတွင်းတွေမှာ ပုံမှန် တစ်နှစ်တစ်ကြိမ် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်လွှတ်ကာ မိသားစုအလှူအဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိတယ်လို့လည်း အသင်းအတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောပါတယ်။
ဒီနှစ်မှာတော့ ပုံမှန်ပြုလုပ်နေကြ မိသားစုအလှူအဖြစ် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ ပစ္စည်းလေးပါးအလှူအဖြစ် အလှူငွေကျပ် သိန်း ၁၀၀၀ ကို ကိုယ်စားလှယ်လွှတ်ကာ လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။




