
===================
ဇန် ၂၁
ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀) ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်
===================
ဇန် ၂၁
ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။
ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင် ပြုလုပ်မည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိဈေးရောင်းပွဲတော် ၊ အဆို ၊ အက ၊ မျက်လှည့်တိုအပြင် ကလေးငယ်များအတွက် talk show စသည့် တင်ဆက်ဖြေဖျော်မှုများ ပါဝင်မည်ဖြစ်ကြောင်းလည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)သည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဥ်တစ်ခုဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။




