ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ျပည့္တဲ့ တတိယေျမာက္ ဂ်ပန္ကစားသမား မီတိုမာ

ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ျပည့္တဲ့ တတိယေျမာက္ ဂ်ပန္ကစားသမား မီတိုမာ
===================
ဘ႐ိုက္တန္ေတာင္ပံတိုက္စစ္ကစားသမား မီတိုမာဟာ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ျပည့္တဲ့ တတိယေျမာက္ ဂ်ပန္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ၎ဟာ ဘုန္းေမာက္နဲ႔ တစ္ဂိုးစီသေရက်တဲ့ပြဲမွာ ပြဲထြက္ကစားၿပီး အခုမွတ္တမ္းကို ပိုင္ဆိုင္ခဲ့တာျဖစ္တယ္။
မီတိုမာထက္ ေဆာက္သမ္တန္ေနာက္ခံလူေဟာင္း ယိုရွီဒါက ၁၅၄ ပြဲ၊ လက္စတာတိုက္စစ္မႉးေဟာင္းအိုကာဇာကီက ၁၁၄ ပြဲ ပိုကစားခဲ့ပါတယ္။ အိုကာဇာကီဟာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္တဲ့ တစ္ဦးတည္းေသာ ဂ်ပန္ကစားသမားလည္းျဖစ္ပါတယ္။
မီတိုမာအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ မွာ ၇၆ ပြဲကို ပြဲထြက္ကစားခဲ့ၿပီး ၂၄ ပြဲကို လူစားဝင္ကစားခဲ့တာပါ။ ၎ဟာ ၂၀၂၁ ခုႏွစ္က ဂ်ပန္ကလပ္ ကာဝါဆာကီဖ႐ြန္ေတးအသင္းကေန ဘ႐ိုက္တန္အသင္းထံ ေျပာင္းေ႐ႊ႕ ေၾကး ေပါင္ ၂.၇ သန္းနဲ႔ ေရာက္ရွိလာၿပီး ၂၀၂၁-၂၂ ရာသီမွာေတာ့ ဘယ္လ္ဂ်ီယံကလပ္ ဆန္လြိက္ဆီအသင္းမွာ တစ္ရာသီ အငွားကစားခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ပြဲ ၁၀၀ မွာ ၎က ၂၂ ဂိုးအထိ သြင္းယူခဲ့ပါတယ္။
ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်တဲ့ တတိယမြောက် ဂျပန်ကစားသမား မီတိုမာ
===================
ဘရိုက်တန်တောင်ပံတိုက်စစ်ကစားသမား မီတိုမာဟာ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်တဲ့ တတိယမြောက် ဂျပန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၎င်းဟာ ဘုန်းမောက်နဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲထွက်ကစားပြီး အခုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
မီတိုမာထက် ဆောက်သမ်တန်နောက်ခံလူဟောင်း ယိုရှီဒါက ၁၅၄ ပွဲ၊ လက်စတာတိုက်စစ်မှူးဟောင်းအိုကာဇာကီက ၁၁၄ ပွဲ ပိုကစားခဲ့ပါတယ်။ အိုကာဇာကီဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ တစ်ဦးတည်းသော ဂျပန်ကစားသမားလည်းဖြစ်ပါတယ်။
မီတိုမာအနေနဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ မှာ ၇၆ ပွဲကို ပွဲထွက်ကစားခဲ့ပြီး ၂၄ ပွဲကို လူစားဝင်ကစားခဲ့တာပါ။ ၎င်းဟာ ၂၀၂၁ ခုနှစ်က ဂျပန်ကလပ် ကာဝါဆာကီဖရွန်တေးအသင်းကနေ ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ ကြေး ပေါင် ၂.၇ သန်းနဲ့ ရောက်ရှိလာပြီး ၂၀၂၁-၂၂ ရာသီမှာတော့ ဘယ်လ်ဂျီယံကလပ် ဆန်လွိက်ဆီအသင်းမှာ တစ်ရာသီ အငှားကစားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၁၀၀ မှာ ၎င်းက ၂၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။




