အာဖရိကႏိုင္ငံမ်ားဖလားကို ဒုတိယအႀကိမ္ေျမာက္ ဆြတ္ခူးခဲ့တဲ့ ဆီနီေဂါ

အာဖရိကႏိုင္ငံမ်ားဖလားကို ဒုတိယအႀကိမ္ေျမာက္ ဆြတ္ခူးခဲ့တဲ့ ဆီနီေဂါ
====================
ဇန္ ၁၉
၂၀၂၅ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ဆီနီေဂါအသင္းက အိမ္ရွင္ ေမာ္႐ိုကိုအသင္းကို အခ်ိန္ပိုအႏိုင္ဂိုးနဲ႔အတူ ၁-၀ ဂိုးနဲ႔ႏိုင္ၿပီး ဒုတိယအႀကိမ္ေျမာက္ ဗိုလ္စြဲခဲ့ပါတယ္။
၉၀+၂ မိနစ္မွာ ဆီနီေဂါအသင္း သြင္းဂိုး ခြင့္ျပဳမခံရဘဲ ၉၀+၆ မိနစ္မွာ အိမ္ရွင္အသင္းဘက္ကို ပယ္နယ္တီပါေပးခဲ့ရပါတယ္။
ဆီနီေဂါအသင္းနည္းျပျဖစ္သူက ကစားသမားေတြကို ကြင္းထဲကထြက္ခိုင္းကာ အဝတ္အစားလဲခန္းထဲ ေခၚေဆာင္သြားခဲ့ၿပီး အသင္းေခါင္းေဆာင္ မာေနက ပြဲျပန္ကစားဖို စည္း႐ုံးခဲ့တာျဖစ္တယ္။
ပယ္နယ္တီကို ၉၀+၁၄ မိနစ္ေရာက္မွ ကန္ခဲ့ရၿပီး ဘရာဟင္ဒီယက္ဇ္ရဲ႕ Panenka ကန္ခ်က္ကို ဆီနီေဂါဂိုးသမားကာကြယ္ႏိုင္ခဲ့ပါတယ္။
အခ်ိန္ပို မိနစ္ ၃၀ ဆက္ကစားခဲ့ရၿပီး ဆီနီေဂါအသင္းအတြက္ ခ်န္ပီယံျဖစ္ေစမယ့္ဂိုးကို ေလးမိနစ္မွာ ပါေပေဂးယီကသြင္းယူေပးခဲ့တာပါ။
ဆီနီေဂါအသင္းဟာ ၂၀၂၁ ၿပိဳင္ပြဲမွာလည္း ဗိုလ္စြဲထားခဲ့လို ဒုတိယအႀကိမ္ ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။
ေမာ္႐ိုကိုအသင္းကေတာ့ ၁၉၇၆ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီးေနာက္ ႏွစ္ ၅၀ ၾကာ အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ႀကိဳးစားခဲ့ေပမဲ့ ျဖစ္မလာခဲ့ပါဘူး။
Photos: Africa Cup of Nations
အာဖရိကနိုင်ငံများဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ဆီနီဂေါ
====================
ဇန် ၁၉
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင် မော်ရိုကိုအသင်းကို အချိန်ပိုအနိုင်ဂိုးနဲ့အတူ ၁-၀ ဂိုးနဲ့နိုင်ပြီး ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။
၉၀+၂ မိနစ်မှာ ဆီနီဂေါအသင်း သွင်းဂိုး ခွင့်ပြုမခံရဘဲ ၉၀+၆ မိနစ်မှာ အိမ်ရှင်အသင်းဘက်ကို ပယ်နယ်တီပါပေးခဲ့ရပါတယ်။
ဆီနီဂေါအသင်းနည်းပြဖြစ်သူက ကစားသမားတွေကို ကွင်းထဲကထွက်ခိုင်းကာ အဝတ်အစားလဲခန်းထဲ ခေါ်ဆောင်သွားခဲ့ပြီး အသင်းခေါင်းဆောင် မာနေက ပွဲပြန်ကစားဖို စည်းရုံးခဲ့တာဖြစ်တယ်။
ပယ်နယ်တီကို ၉၀+၁၄ မိနစ်ရောက်မှ ကန်ခဲ့ရပြီး ဘရာဟင်ဒီယက်ဇ်ရဲ့ Panenka ကန်ချက်ကို ဆီနီဂေါဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။
အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရပြီး ဆီနီဂေါအသင်းအတွက် ချန်ပီယံဖြစ်စေမယ့်ဂိုးကို လေးမိနစ်မှာ ပါပေဂေးယီကသွင်းယူပေးခဲ့တာပါ။
ဆီနီဂေါအသင်းဟာ ၂၀၂၁ ပြိုင်ပွဲမှာလည်း ဗိုလ်စွဲထားခဲ့လို ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
မော်ရိုကိုအသင်းကတော့ ၁၉၇၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် နှစ် ၅၀ ကြာ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ #Eleven
Photos: Africa Cup of Nations




