ထိုင္းတြင္ ခရီးသည္တင္ ရထားေပၚသို႔ ကရိန္းျပဳတ္က်မႈေၾကာင့္ အနည္းဆုံး လူ ၃၂ ဦးေသဆုံး

ထိုင္းတြင္ ခရီးသည္တင္ ရထားေပၚသို႔ ကရိန္းျပဳတ္က်မႈေၾကာင့္ အနည္းဆုံး လူ ၃၂ ဦးေသဆုံး
================
ဇန္ ၁၆
ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ နခြန္ရက္ခ်ာစီမာျပည္နယ္တြင္ ခုတ္ေမာင္းေနေသာ ခရီးသည္တင္ ရထားေပၚသို႔ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကရိန္းတစ္ခု ျပဳတ္က်မႈေၾကာင့္ အနည္းဆုံး လူ ၃၂ ဦးေသဆုံးကာ အမ်ားအျပား ဒဏ္ရာရေၾကာင္း သိရသည္။

ထိုျဖစ္စဥ္သည္ အဆင့္ျမင့္ရထားလမ္း စီမံကိန္းတည္ေဆာက္ေရး လုပ္ငန္းခြင္အနီး၌ ဇန္နဝါရီလ ၁၄ ရက္တြင္ ျဖစ္ပြားျခင္းျဖစ္ၿပီး ရထားတြဲမ်ားစြာ လမ္းေခ်ာ္တိမ္းေမွာက္ကာ ခရီးသည္မ်ားစြာမွာ ျပင္းထန္စြာထိခိုက္ခဲ့ျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာေနရာသို႔ ကယ္ဆယ္ေရးအဖြဲ႕မ်ား ခ်က္ခ်င္းေရာက္ရွိလာၿပီး တြဲမ်ားအတြင္း ပိတ္မိေနသူမ်ားကို ထုတ္ယူႏိုင္ရန္ ႀကိဳးပမ္းကာ ဒဏ္ရာရသူမ်ားကို အနီးရွိ ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ထားေသာ္လည္း အခ်ိဳ႕မွာ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိသျဖင့္ ေသဆုံးသူဦးေရ တိုးလာႏိုင္သည္ဟု တာဝန္ရွိသူမ်ားက ခန႔္မွန္းထားသည္။

အစိုးရတာဝန္ရွိသူမ်ားသည္ အဆိုပါ ျဖစ္ရပ္ႏွင့္ပတ္သက္၍ အေရးေပၚစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္ ၫႊန္ၾကားထားၿပီး ေဆာက္လုပ္ေရး လုပ္ငန္းခြင္၏ ေဘးကင္းလုံၿခဳံမႈဆိုင္ရာ ေပါ့ဆမႈ ရွိ၊ မရွိ အဓိကထား စစ္ေဆးသြားမည္ျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ကလည္း ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားအတြက္ ဝမ္းနည္းစကားေျပာၿပီး ထိခိုက္ခဲ့ရသူမ်ားကို အျမန္ဆုံး ကူညီေထာက္ပံ့ေပးရန္ အမိန႔္ေပးထားေၾကာင္း သိရသည္။


ထိုင်းတွင် ခရီးသည်တင် ရထားပေါ်သို့ ကရိန်းပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦးသေဆုံး
================
ဇန် ၁၆
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နခွန်ရက်ချာစီမာပြည်နယ်တွင် ခုတ်မောင်းနေသော ခရီးသည်တင် ရထားပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတစ်ခု ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရသည်။

ထိုဖြစ်စဉ်သည် အဆင့်မြင့်ရထားလမ်း စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်အနီး၌ ဇန်နဝါရီလ ၁၄ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ရထားတွဲများစွာ လမ်းချော်တိမ်းမှောက်ကာ ခရီးသည်များစွာမှာ ပြင်းထန်စွာထိခိုက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာပြီး တွဲများအတွင်း ပိတ်မိနေသူများကို ထုတ်ယူနိုင်ရန် ကြိုးပမ်းကာ ဒဏ်ရာရသူများကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ထားသော်လည်း အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိသဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းထားသည်။

အစိုးရတာဝန်ရှိသူများသည် အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အရေးပေါ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပေါ့ဆမှု ရှိ၊ မရှိ အဓိကထား စစ်ဆေးသွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်ကလည်း သေဆုံးသူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းစကားပြောပြီး ထိခိုက်ခဲ့ရသူများကို အမြန်ဆုံး ကူညီထောက်ပံ့ပေးရန် အမိန့်ပေးထားကြောင်း သိရသည်။