ေဒသတြင္းလုံၿခဳံေရးအတြက္ ဒုံးပ်ံႏွင့္ ဒုံးက်ည္ေပါင္းစပ္ တပ္ဖြဲ႕အသစ္တစ္ခု ဖြဲ႕စည္းရန္ အိႏၵိယစီစဥ္

ေဒသတြင္းလုံၿခဳံေရးအတြက္ ဒုံးပ်ံႏွင့္ ဒုံးက်ည္ေပါင္းစပ္ တပ္ဖြဲ႕အသစ္တစ္ခု ဖြဲ႕စည္းရန္ အိႏၵိယစီစဥ္
=====================
ဇန္နဝါရီ ၁၅
အိႏၵိယႏိုင္ငံအေနျဖင့္ ေျပာင္းလဲလာေသာ ေဒသတြင္းလုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ ဒုံးပ်ံႏွင့္ဒုံးက်ည္ စနစ္ေပါင္းစပ္ပါဝင္မည့္ တပ္ဖြဲ႕အသစ္တစ္ခုဖြဲ႕စည္းရန္ စီစဥ္ေနေၾကာင္း အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္က ေျပာသည္။
အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံႏွင့္ပါကစၥတန္ႏိုင္ငံတို႔တြင္ အလားတူ သီးျခား တပ္ဖြဲ႕မ်ားရွိေနျခင္းေၾကာင့္ အိႏၵိယအေနျဖင့္လည္း ႏိုင္ငံ၏ကာကြယ္ေရးစြမ္းပကားကို ျမႇင့္တင္ရန္ ယခုကဲ့သို႔ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။
လက္ရွိတြင္ အိႏၵိယတပ္မေတာ္သည္ ဒုံးပ်ံႏွင့္ဒုံးက်ည္မ်ားကို ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ အေျမာက္တပ္ဖြဲ႕တို႔ျဖင့္ ခြဲျခားအသုံးျပဳေနျခင္းျဖစ္ေသာ္လည္း ေနာင္တြင္ စုေပါင္းကြပ္ကဲမႈေအာက္သို႔ ထည့္သြင္း သြားမည္ျဖစ္သည္။
ထိုတပ္ဖြဲ႕အသစ္တြင္ ျပည္တြင္းထုတ္ Pinaka ဒုံးပ်ံစနစ္၊ Pralay ဒုံးက်ည္ႏွင့္ BrahMos အသံထက္ျမန္ အနိမ့္ပ်ံဒုံးက်ည္တို႔ကို ေပါင္းစပ္အသုံးျပဳမည္ျဖစ္ၿပီး ေရရွည္တြင္ အကြာအေဝး ကီလိုမီတာ ၃ဝဝ မွ ၄၅ဝ အထိ ပစ္ခတ္ႏိုင္သည့္ လက္နက္မ်ားကိုပါ တပ္ဆင္သြားရန္ စီစဥ္ေနသည္။
ေခတ္သစ္စစ္ပြဲမ်ားတြင္ ဒုံးပ်ံ ႏွင့္ဒုံးက်ည္မ်ားက အခ်င္းခ်င္းအမွီသဟဲျပဳေနၿပီး ၎တို႔ကို ေပါင္းစပ္ျခင္းျဖင့္ ထိေရာက္ေသာ တိုက္ခိုက္မႈျပဳႏိုင္ မည္ျဖစ္သည္ဟု RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


ဒေသတွင်းလုံခြုံရေးအတွက် ဒုံးပျံနှင့် ဒုံးကျည်ပေါင်းစပ် တပ်ဖွဲ့အသစ်တစ်ခု ဖွဲ့စည်းရန် အိန္ဒိယစီစဉ်
=====================
ဇန်နဝါရီ ၁၅
အိန္ဒိယနိုင်ငံအနေဖြင့် ပြောင်းလဲလာသော ဒေသတွင်းလုံခြုံရေးအခြေအနေများကြောင့် ဒုံးပျံနှင့်ဒုံးကျည် စနစ်ပေါင်းစပ်ပါဝင်မည့် တပ်ဖွဲ့အသစ်တစ်ခုဖွဲ့စည်းရန် စီစဉ်နေကြောင်း အိန္ဒိယကြည်းတပ်ဦးစီးချုပ်က ပြောသည်။
အိမ်နီးချင်းတရုတ်နိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့တွင် အလားတူ သီးခြား တပ်ဖွဲ့များရှိနေခြင်းကြောင့် အိန္ဒိယအနေဖြင့်လည်း နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အိန္ဒိယတပ်မတော်သည် ဒုံးပျံနှင့်ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ဖြင့် ခွဲခြားအသုံးပြုနေခြင်းဖြစ်သော်လည်း နောင်တွင် စုပေါင်းကွပ်ကဲမှုအောက်သို့ ထည့်သွင်း သွားမည်ဖြစ်သည်။
ထိုတပ်ဖွဲ့အသစ်တွင် ပြည်တွင်းထုတ် Pinaka ဒုံးပျံစနစ်၊ Pralay ဒုံးကျည်နှင့် BrahMos အသံထက်မြန် အနိမ့်ပျံဒုံးကျည်တို့ကို ပေါင်းစပ်အသုံးပြုမည်ဖြစ်ပြီး ရေရှည်တွင် အကွာအဝေး ကီလိုမီတာ ၃ဝဝ မှ ၄၅ဝ အထိ ပစ်ခတ်နိုင်သည့် လက်နက်များကိုပါ တပ်ဆင်သွားရန် စီစဉ်နေသည်။
ခေတ်သစ်စစ်ပွဲများတွင် ဒုံးပျံ နှင့်ဒုံးကျည်များက အချင်းချင်းအမှီသဟဲပြုနေပြီး ၎င်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ထိရောက်သော တိုက်ခိုက်မှုပြုနိုင် မည်ဖြစ်သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။