ေဆာင္းရာသီမွာ အျဖစ္မ်ားတဲ့ ႏႈတ္ခမ္းေျခာက္ေသြ႕အက္ကြဲျခင္း

ေဆာင္းရာသီမွာ အျဖစ္မ်ားတဲ့ ႏႈတ္ခမ္းေျခာက္ေသြ႕အက္ကြဲျခင္း
==============================
ႏႈတ္ခမ္းေျခာက္ၿပီး အက္ကြဲတာကို လူေတာ္ေတာ္မ်ားမ်ားႀကဳံေတြ႕ၾကရပါတယ္။ ႏႈတ္ခမ္းေျခာက္တာနဲ႔ပတ္သက္ၿပီး အဆင္မေျပျဖစ္တဲ့အေၾကာင္းကို လူေတာ္ေတာ္မ်ား ၿငီးျငဴေနၾကတာကိုလည္း ေတြ႕ရပါတယ္။ ေဆာင္းရာသီဝင္လာတဲ့အခ်ိန္ဆို ခါတိုင္းထက္ပိုၿပီး ႏႈတ္ခမ္းသားေျခာက္ေသြ႕ကြဲအက္တာကို မၾကာခဏရင္ဆိုင္ရေတာ့မွာပါ။ ႏႈတ္ခမ္းသားေျခာက္ေသြ႕တတ္တဲ့သူေတြက ဘာလို႔ အဲဒီလိုျဖစ္ရတာလဲဆိုတာကို မသိၾကတာမ်ားပါတယ္။ ဒါေၾကာင့္ အဲဒီလိုျပႆနာမ်ိဳး ခဏခဏႀကဳံေတြ႕ရတဲ့သူေတြက ဘာလို႔ ႏႈတ္ခမ္းသားေျခာက္ေသြ႕ကြဲအက္ရတာလဲဆိုတာေရာ ဘယ္လိုကာကြယ္ရမလဲဆိုတာကိုပါ သိထားဖို႔လိုအပ္ပါတယ္။ ဒီေဆာင္းပါးကေန မွ်ေဝေပးလိုက္တယ္ေနာ္
အက္ကြဲတဲ့ႏႈတ္ခမ္းဆိုတာက ေျခာက္ေသြ႕တဲ့ႏႈတ္ခမ္းသားကို ေဖာ္ျပတဲ့ ေဆးဘက္ဆိုင္ရာအသုံးအႏႈန္းေတာ့မဟုတ္ပါဘူး။ အက္ကြဲတဲ့ႏႈတ္ခမ္းဆိုတာ နီျမန္းေရာင္ရမ္းတာ၊ ယားယံတာ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာေတြပါ။ ေအးျမၿပီး ေျခာက္ေသြ႕တဲ့ရာသီဥတုမ်ိဳးမွာဆိုရင္ ႏႈတ္ခမ္းအက္ကြဲတာေတြျဖစ္လာႏိုင္ပါတယ္။ အဲဒီရာသီမွာ ႏႈတ္ခမ္းက အသားေရကလည္း အသားပက္သလိုျဖစ္လာၿပီး ႏႈတ္ခမ္းသားအက္ကြဲလာရပါတယ္။ ေအးျမၿပီး ေျခာက္ေသြ႕တဲ့ရာသီဥတုက ႏႈတ္ခမ္းေျခာက္ေသြ႕အက္ကြဲျခင္းရဲ႕အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ အျခားအေၾကာင္းအရင္းအေနနဲ႔ကေတာ့ ေနေရာင္ျခည္နဲ႔ ထိေတြ႕လြန္းျခင္း၊ ဓာတ္မတည့္ျခင္း၊ သိုင္း႐ြိဳင္မညီမွ်တဲ့ ဇီဝျဖစ္စဥ္ဆိုင္ရာေရာဂါ၊ ဗီတာမင္ B complex ခ်ိဳ႕တဲ့ျခင္းေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။
ႏႈတ္ခမ္းကို လွ်ာနဲ႔လ်က္တာ၊ ႏႈတ္ခမ္းကိုက္တာေတြလို အေလ့အက်င့္မ်ိဳးေတြေၾကာင့္လည္း ႏႈတ္ခမ္းအက္ကြဲႏိုင္ပါတယ္။ ႏႈတ္ခမ္းနီမွာပါဝင္တဲ့ ဓာတုေဆးနဲ႔ဓာတ္မတည့္ရင္လည္း ျဖစ္ႏိုင္ပါတယ္။ အဲဒီလို ႏႈတ္ခမ္းသားအက္ကြဲတာမ်ိဳးေတြျဖစ္မလာဖို႔အတြက္ ႏႈတ္ခမ္းသားကို ေရဓာတ္ျပည့္ဝေအာင္ ထိန္းပါ။ ႏႈတ္ခမ္းကို အနံ႔မပါတဲ့ ခရင္မ္နဲ႔ ေရဓာတ္ျဖည့္ေပးႏိုင္ပါတယ္။ ေန႔တိုင္း ႏႈတ္ခမ္းသားကို ေပါင္းတင္ေပးသင့္ပါတယ္။ အဆီလိမ္းေပးလို႔လည္းရပါတယ္။ အျပင္ထြက္တဲ့အခါတိုင္း ေနေလာင္ဒဏ္ကာကြယ္ေပးတဲ့ ႏႈတ္ခမ္းနီကို ဆိုးေပးပါ။ ေရမ်ားမ်ားေသာက္ၿပီး ေရဓာတ္ျပည့္ဝေအာင္လည္းေနပါ။ ဝမ္းခ်ဳပ္တာေၾကာင့္လည္း ႏႈတ္ခမ္းသားအက္ကြဲႏိုင္တဲ့အတြက္ ဝမ္းမခ်ဳပ္ေအာင္လည္း ဂ႐ုစိုက္ေပးသင့္ပါတယ္။
#Yoyarlay
ဆောင်းရာသီမှာ အဖြစ်များတဲ့ နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း
==============================
နှုတ်ခမ်းခြောက်ပြီး အက်ကွဲတာကို လူတော်တော်များများကြုံတွေ့ကြရပါတယ်။ နှုတ်ခမ်းခြောက်တာနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်တဲ့အကြောင်းကို လူတော်တော်များ ငြီးငြူနေကြတာကိုလည်း တွေ့ရပါတယ်။ ဆောင်းရာသီဝင်လာတဲ့အချိန်ဆို ခါတိုင်းထက်ပိုပြီး နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာကို မကြာခဏရင်ဆိုင်ရတော့မှာပါ။ နှုတ်ခမ်းသားခြောက်သွေ့တတ်တဲ့သူတွေက ဘာလို့ အဲဒီလိုဖြစ်ရတာလဲဆိုတာကို မသိကြတာများပါတယ်။ ဒါကြောင့် အဲဒီလိုပြဿနာမျိုး ခဏခဏကြုံတွေ့ရတဲ့သူတွေက ဘာလို့ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်ရတာလဲဆိုတာရော ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ သိထားဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးကနေ မျှဝေပေးလိုက်တယ်နော်
အက်ကွဲတဲ့နှုတ်ခမ်းဆိုတာက ခြောက်သွေ့တဲ့နှုတ်ခမ်းသားကို ဖော်ပြတဲ့ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းတော့မဟုတ်ပါဘူး။ အက်ကွဲတဲ့နှုတ်ခမ်းဆိုတာ နီမြန်းရောင်ရမ်းတာ၊ ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေပါ။ အေးမြပြီး ခြောက်သွေ့တဲ့ရာသီဥတုမျိုးမှာဆိုရင် နှုတ်ခမ်းအက်ကွဲတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီရာသီမှာ နှုတ်ခမ်းက အသားရေကလည်း အသားပက်သလိုဖြစ်လာပြီး နှုတ်ခမ်းသားအက်ကွဲလာရပါတယ်။ အေးမြပြီး ခြောက်သွေ့တဲ့ရာသီဥတုက နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။ အခြားအကြောင်းအရင်းအနေနဲ့ကတော့ နေရောင်ခြည်နဲ့ ထိတွေ့လွန်းခြင်း၊ ဓာတ်မတည့်ခြင်း၊ သိုင်းရွိုင်မညီမျှတဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါ၊ ဗီတာမင် B complex ချို့တဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
နှုတ်ခမ်းကို လျှာနဲ့လျက်တာ၊ နှုတ်ခမ်းကိုက်တာတွေလို အလေ့အကျင့်မျိုးတွေကြောင့်လည်း နှုတ်ခမ်းအက်ကွဲနိုင်ပါတယ်။ နှုတ်ခမ်းနီမှာပါဝင်တဲ့ ဓာတုဆေးနဲ့ဓာတ်မတည့်ရင်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို နှုတ်ခမ်းသားအက်ကွဲတာမျိုးတွေဖြစ်မလာဖို့အတွက် နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝအောင် ထိန်းပါ။ နှုတ်ခမ်းကို အနံ့မပါတဲ့ ခရင်မ်နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ နေ့တိုင်း နှုတ်ခမ်းသားကို ပေါင်းတင်ပေးသင့်ပါတယ်။ အဆီလိမ်းပေးလို့လည်းရပါတယ်။ အပြင်ထွက်တဲ့အခါတိုင်း နေလောင်ဒဏ်ကာကွယ်ပေးတဲ့ နှုတ်ခမ်းနီကို ဆိုးပေးပါ။ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်လည်းနေပါ။ ဝမ်းချုပ်တာကြောင့်လည်း နှုတ်ခမ်းသားအက်ကွဲနိုင်တဲ့အတွက် ဝမ်းမချုပ်အောင်လည်း ဂရုစိုက်ပေးသင့်ပါတယ်။
#Yoyarlay




