ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ငပုေတာၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ပါတီဝင္မ်ား ႏွင့္ ေတြ႕ဆုံ


ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ငပုေတာၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ပါတီဝင္မ်ား ႏွင့္ ေတြ႕ဆုံ
======================
ဧရာဝတီ ၊ ဇန္ ၁၃/၂၆
၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္ ၊ ျပည္ေထာင္စုႀကံ့ခိိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ငပုေတာၿမိဳ႕နယ္ ႐ုံးခန္းမ၌ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ပါတီဝင္မ်ားေတြ႕ဆုံပြဲကို က်င္းပျပဳလုပ္ခဲ့ရာအခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း၊ ဗဟိုေကာ္မတီဝင္ ဦးေအာင္တင္ျမင့္၊ တိုင္းပါတီေကာ္မတီအတြင္းေရးမႉး ေဒၚခင္ေစာမူ၊ တိုင္းပါတီေကာ္မတီဝင္မ်ား ၊ ငပုေတာ ၿမိဳ႕နယ္ ပါတီဥကၠဌ ေဒၚခင္သန္းျမင့္၊ ငပုေတာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား ႏွင့္ တာဝန္ရွိသူမ်ား၊ ငပုေတာၿမိဳ႕နယ္အတြင္းရွိ အလယ္ကြၽန္းတိုက္နယ္၊ က်ဳံကူးတိုက္နယ္၊ ဟိုင္းႀကီးတိုက္နယ္၊ ကမ္းနီတိုက္နယ္ အတြင္းရွိ ရပ္ေက်းပါတီဥကၠဌမ်ားႏွင့္ စည္း႐ုံးေရးမႉးမ်ား စုစုေပါင္း အင္အား ၂၀၀ ဦးခန္႔တက္ေရာက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္မ်ားအားေပးေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္၍ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္ ျပည္ခိုင္ၿဖိဳး တိုင္းေကာ္မတီအဖြဲ႕ သည္ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ငပုေတာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမ၌ ငပုေတာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေကာ္မတီဝင္မ်ား၊ အုန္းပင္စုေက်း႐ြာ အုပ္စု၊ သက္ကယ္ေခ်ာင္ေက်း႐ြာ အုပ္စု၊ ဖ်ံေရေက်ာ္ေက်း႐ြာအုပ္စု၊ ဝက္ဆူေက်း႐ြာ အုပ္စု၊ ကံကြင္းေက်း႐ြာအုပ္စု၊ ငပုေတာၿမိဳ႕ေပၚ ရပ္ေက်းပါတီဥကၠဌမ်ား၊ စည္း႐ုံးေရးမႉးမ်ား၊ မဲ႐ုံကိုယ္စားလွယ္မ်ား စုစုေပါင္း ၁၈၀ ဦးတက္ေရာက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္မ်ားအားေပးေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္၍ ဗဟိုအတြင္းေရးမႉးႏွင့္ တိုင္းပါတီေကာ္မတီအဖြဲ႕သည္ ေန႔လည္ ၃ နာရီအခ်ိန္တြင္ ငပုေတာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ႏွင့္ ေတြ႕ဆုံ၍ ပါတီေအာင္ႏိုင္ေရးအတြက္
လုပ္ငန္းစဥ္မ်ားအား အျပန္အလွန္ ရွင္းလင္း ေဆြးေႏြးခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ငပုတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ နှင့် တွေ့ဆုံ
======================
ဧရာဝတီ ၊ ဇန် ၁၃/၂၆
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ပြည်ထောင်စုကြံ့ခိိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ငပုတောမြို့နယ် ရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုကော်မတီဝင် ဦးအောင်တင်မြင့်၊ တိုင်းပါတီကော်မတီအတွင်းရေးမှူး ဒေါ်ခင်စောမူ၊ တိုင်းပါတီကော်မတီဝင်များ ၊ ငပုတော မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်သန်းမြင့်၊ ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ နှင့် တာဝန်ရှိသူများ၊ ငပုတောမြို့နယ်အတွင်းရှိ အလယ်ကျွန်းတိုက်နယ်၊ ကျုံကူးတိုက်နယ်၊ ဟိုင်းကြီးတိုက်နယ်၊ ကမ်းနီတိုက်နယ် အတွင်းရှိ ရပ်ကျေးပါတီဥက္ကဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၂၀၀ ဦးခန့်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပြည်ခိုင်ဖြိုး တိုင်းကော်မတီအဖွဲ့ သည် နေ့လည် ၁၂ နာရီအချိန်တွင် ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကော်မတီဝင်များ၊ အုန်းပင်စုကျေးရွာ အုပ်စု၊ သက်ကယ်ချောင်ကျေးရွာ အုပ်စု၊ ဖျံရေကျော်ကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာ အုပ်စု၊ ကံကွင်းကျေးရွာအုပ်စု၊ ငပုတောမြို့ပေါ် ရပ်ကျေးပါတီဥက္ကဌများ၊ စည်းရုံးရေးမှူးများ၊ မဲရုံကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ဦးတက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီကော်မတီအဖွဲ့သည် နေ့လည် ၃ နာရီအချိန်တွင် ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ နှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးအတွက်
လုပ်ငန်းစဥ်များအား အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။




