ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ေလးမ်က္ႏွာၿမိဳ႕နယ္၊ အဂၤပူၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ



ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ေလးမ်က္ႏွာၿမိဳ႕နယ္၊ အဂၤပူၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ပါတီဝင္မ်ားႏွင့္ေတြ႕ဆုံ
=======================
ဧရာဝတီ ဇန္ ၁၂/၂၆
၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဟသ္ာတ ခ႐ိုင္၊ ေလးမ်က္ႏွာ ၿမိဳ႕နယ္ ၊ ျပည္ေထာင္စုႀကံ့ခိိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ေလးမ်က္ႏွာ ၿမိဳ႕နယ္ခန္းမ၌ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ပါတီဝင္မ်ားေတြ႕ဆုံပြဲကို က်င္းပျပဳလုပ္ခဲ့ရာအခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း၊ တိုင္းပါတီေကာ္မတီဝင္ ဦးေက်ာ္ဝင္းႏိုင္၊ ေလးမ်က္ႏွာၿမိဳ႕နယ္ ပါတီဥကၠဌ ေဒၚဆန္းဆန္းခ်ိဳ ႏွင့္ တာဝန္ရွိသူမ်ား၊ ရပ္ေက်းပါတီဥကၠဌမ်ားႏွင့္ စည္း႐ုံးေရးမႉးမ်ား စုစုေပါင္း အင္အား ၁၀၀ ဦးခန္႔ တက္ေရာက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္မ်ားအားေပးေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္၍ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းသည္ အဂၤပူၿမိဳ႕သို႔ဆက္လက္ထြက္ခြာလာခဲ့ၿပီး
ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ အဂၤပူၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမ၌ အဂၤပူၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေကာ္မတီဝင္မ်ား၊ ရပ္ေက်းပါတီဥကၠဌမ်ား၊ စည္း႐ုံးေရးမႉးမ်ား၊ မဲ႐ုံကိုယ္စားလွယ္မ်ား စုစုေပါင္း ၂၂၀ ဦးတက္ေရာက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့ၾကပါသည္။
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်ရှိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များနှင့်တွေ့ဆုံ
=======================
ဧရာဝတီ ဇန် ၁၂/၂၆
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟသ်ာတ ခရိုင်၊ လေးမျက်နှာ မြို့နယ် ၊ ပြည်ထောင်စုကြံ့ခိိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လေးမျက်နှာ မြို့နယ်ခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ လေးမျက်နှာမြို့နယ် ပါတီဥက္ကဌ ဒေါ်ဆန်းဆန်းချို နှင့် တာဝန်ရှိသူများ၊ ရပ်ကျေးပါတီဥက္ကဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအားပေးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် အင်္ဂပူမြို့သို့ဆက်လက်ထွက်ခွာလာခဲ့ပြီး
နေ့လည် ၁၂ နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ စည်းရုံးရေးမှူးများ၊ မဲရုံကိုယ်စားလှယ်များ စုစုပေါင်း ၂၂၀ ဦးတက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။




