
===============
(Januray 13)
ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး
===============
(Januray 13)
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ ရှာဘီအလွန်ဆိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ရီးယဲလ်အရန်အသင်းနည်းပြ အာဘီလိုအာကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
ရီးယဲလ်အသင်းက အလွန်ဆိုနဲ့ လမ်းခွဲကြောင်း ကြေညာအပြီး မိနစ်အနည်းငယ်အကြာမှာပဲ အာဘီလိုအာနဲ့ ချက်ချင်းအစားထိုးခဲ့တာပါ။
ရီးယဲလ်ရဲ့ထုတ်ပြန်ချက်မှာ နှစ်ဦးသဘောတူ လမ်းခွဲတာလို ဖော်ပြခဲ့ပေမဲ့ စပိန်သတင်းတွေက ထုတ်ပယ်ခံရတာဖြစ်တယ်လို ရေးသားခဲ့ပါတယ်။
အလွန်ဆိုဟာ ရီးယဲလ်အသင်းနည်းပြအဖြစ် ခုနစ်လကျော်သာ ကိုင်တွယ်ရပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာဖြစ်တယ်။



