အေမရိကန္၏ တိုက္ခိုက္မႈမွန္သမွ်ကို လက္တုံ႔ျပန္မည္ဟု အီရန္သတိေပး

အေမရိကန္၏ တိုက္ခိုက္မႈမွန္သမွ်ကို လက္တုံ႔ျပန္မည္ဟု အီရန္သတိေပး
=================
အေမရိကန္က အီရန္ကို တိုက္ခိုက္မႈျပဳလာပါက အစၥေရးႏိုင္ငံႏွင့္ ေဒသတြင္းရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို တရားဝင္ပစ္မွတ္မ်ားအျဖစ္ သတ္မွတ္ကာ ျပန္လည္တိုက္ခိုက္ သြားမည္ဟု အီရန္က ဇန္နဝါရီလ ၁၁ ရက္တြင္သတိေပးလိုက္သည္။ အီရန္လႊတ္ေတာ္ဥကၠ႒ မိုဟာမက္ဘာေကကာလီဘတ္က အေမရိကန္အစိုးရသို႔ သတိေပးခ်က္ကို လႊတ္ေတာ္၌ တိုက္႐ိုက္ေျပာခဲ့ျခင္းျဖစ္သည္။
လက္ရွိအီရန္ႏိုင္ငံ တစ္ဝန္း၌ အစိုးရဆန႔္က်င္ေရး ဆႏၵျပမႈမ်ား ေပၚေပါက္လ်က္ရွိၿပီး ထိုလႈပ္ရွားမႈမ်ားကို အားေပးကူညီရန္ အေမရိကန္က ၾကားဝင္စြက္ဖက္လာႏိုင္ေျခအေပၚ အစၥေရးကလည္း အထူးသတိထားေစာင့္ၾကည့္ေနသည္။ အကယ္၍ အေမရိကန္ဘက္က စစ္ေရးအရေျခလွမ္းျပင္လာလွ်င္ ေဒသတြင္းတင္းမာမႈမ်ားမွာ ပိုမိုျမင့္တက္လာႏိုင္သည့္ အေျခအေနတြင္ရွိသည္။
အီရန္အစိုးရအေနျဖင့္ ၎တို႔၏အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္လာမည့္ မည္သည့္လုပ္ရပ္ကိုမဆို လက္တုံ႔ျပန္ရန္ အသင့္ရွိေၾကာင္း ျပတ္ျပတ္သားသား ထုတ္ေဖာ္ေျပာဆိုထားသည့္အတြက္ ႏိုင္ငံတကာက ဤအေျခအေနကို စိုးရိမ္တႀကီးေစာင့္ၾကည့္ေနသည့္အျပင္ ထရမ့္အစိုးရ၏ အေရွ႕အလယ္ပိုင္း မူဝါဒႏွင့္ အီရန္၏ တုံ႔ျပန္မႈမ်ားေၾကာင့္ ေဒသတြင္း စစ္မီးေတာက္မည္ကို စိုးရိမ္မႈမ်ား ျမင့္တက္ေနသည္။
အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မည်ဟု အီရန်သတိပေး
=================
အမေရိကန်က အီရန်ကို တိုက်ခိုက်မှုပြုလာပါက အစ္စရေးနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ကာ ပြန်လည်တိုက်ခိုက် သွားမည်ဟု အီရန်က ဇန်နဝါရီလ ၁၁ ရက်တွင်သတိပေးလိုက်သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာကေကာလီဘတ်က အမေရိကန်အစိုးရသို့ သတိပေးချက်ကို လွှတ်တော်၌ တိုက်ရိုက်ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိအီရန်နိုင်ငံ တစ်ဝန်း၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိပြီး ထိုလှုပ်ရှားမှုများကို အားပေးကူညီရန် အမေရိကန်က ကြားဝင်စွက်ဖက်လာနိုင်ခြေအပေါ် အစ္စရေးကလည်း အထူးသတိထားစောင့်ကြည့်နေသည်။ အကယ်၍ အမေရိကန်ဘက်က စစ်ရေးအရခြေလှမ်းပြင်လာလျှင် ဒေသတွင်းတင်းမာမှုများမှာ ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေတွင်ရှိသည်။
အီရန်အစိုးရအနေဖြင့် ၎င်းတို့၏အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာမည့် မည်သည့်လုပ်ရပ်ကိုမဆို လက်တုံ့ပြန်ရန် အသင့်ရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုထားသည့်အတွက် နိုင်ငံတကာက ဤအခြေအနေကို စိုးရိမ်တကြီးစောင့်ကြည့်နေသည့်အပြင် ထရမ့်အစိုးရ၏ အရှေ့အလယ်ပိုင်း မူဝါဒနှင့် အီရန်၏ တုံ့ပြန်မှုများကြောင့် ဒေသတွင်း စစ်မီးတောက်မည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။




