ဆန္းတို႔စ္အသင္းႏွင့္ ေနမာ ၂၀၂၆ အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆို

ဆန္းတို႔စ္အသင္းႏွင့္ ေနမာ ၂၀၂၆ အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆို
====================
ဆန္းတို႔စ္အသင္းဟာ ဘရာဇီးလ္တိုက္စစ္မႉး ေနမာကို ၂၀၂၆ ဒီဇင္ဘာ ၃၁ အထိ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။
ေနမာဟာ အေစာပိုင္းတုန္းက ကမာၻ႔ဖလားအခြင့္အေရးအတြက္ ဥေရာပကို ျပန္လည္ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵရွိေနေၾကာင္း သတင္းထြက္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့ ဆန္းတို႔စ္အသင္းမွာသာ ဆက္ကစားဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
ဆန္းတို႔စ္က ေနမာရဲ႕ ကစားသမားဘဝ အစျပဳတဲ့ အသင္းျဖစ္ၿပီး ၂၀၂၅ ဇန္နဝါရီမွာမွ အသင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိခဲ့တာပါ။
လာမယ့္ ေဖေဖာ္ဝါရီမွာ အသက္(၃၄)ႏွစ္ျပည့္မယ့္ ေနမာဟာ ၿပီးခဲ့တဲ့ရာသီက ဒူးဒဏ္ရာရွိေနတဲ့ၾကားက ခြဲစိတ္ကုသမႈျပဳလုပ္ဖို႔ကို ေ႐ႊ႕ဆိုင္းထားကာ ဆန္းတို႔စ္အသင္း တန္းမဆင္းရေအာင္ ပါဝင္ကစားခဲ့သူျဖစ္ပါတယ္။
ေနမာက ဘရာဇီးလ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆင္ႏႊဲခြင့္ရဖို႔ ေမွ်ာ္လင့္ေနၿပီး နည္းျပ အန္ဆယ္ေလာ့တီကေတာ့ ႀကံ့ခိုင္မႈျပည့္ဝဖို႔ လိုအပ္ေၾကာင္း သတိေပးထားပါတယ္။


ဆန်းတို့စ်အသင်းနှင့် နေမာ ၂၀၂၆ အထိ စာချုပ်သစ် ချုပ်ဆို
====================
ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ၂၀၂၆ ဒီဇင်ဘာ ၃၁ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
နေမာဟာ အစောပိုင်းတုန်းက ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဆန်းတို့စ်အသင်းမှာသာ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆန်းတို့စ်က နေမာရဲ့ ကစားသမားဘဝ အစပြုတဲ့ အသင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီမှာမှ အသင်းကို တစ်ကျော့ပြန်ရောက်ရှိခဲ့တာပါ။
လာမယ့် ဖေဖော်ဝါရီမှာ အသက်(၃၄)နှစ်ပြည့်မယ့် နေမာဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာရှိနေတဲ့ကြားက ခွဲစိတ်ကုသမှုပြုလုပ်ဖို့ကို ရွှေ့ဆိုင်းထားကာ ဆန်းတို့စ်အသင်း တန်းမဆင်းရအောင် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
နေမာက ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆင်နွှဲခွင့်ရဖို့ မျှော်လင့်နေပြီး နည်းပြ အန်ဆယ်လော့တီကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ လိုအပ်ကြောင်း သတိပေးထားပါတယ်။