ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းတက်ရောက်

============================

၂၄.၁၂.၂၀၂၅ ပြင်ဦးလွင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၊အားကစားကွင်းတွင် နံနက် ၉ နာရီအချိန်ခန့်က တက်ရောက်လာသူမဲဆန္ဒရှင်မိဘပြည်သူ (၁၇၀၀၀ ကျော်)ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်အလံကိုအလေးပြုခဲ့ကြပြီးနိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မြို့နယ်အတွင်း ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးလှထွန်းက မိတ်ဆက်စကားပြောကြားရာတွင် ” ပြင်ဦးလွင်မြို့မှအမိအဖများယခုကဲ့သို့ကျန်းကျန်းမာမာတက်ရောက်လာကြသည့်အတွက်များစွာဝမ်းမြောက်ပါကြောင်း ကျေးဇူးအထူးတင်ရှိပါကြောင်း”နူတ်ခွန်းဆက်ခဲ့သည်။ဆက်လက်၍ပါတီဒုတိယဥက္ကဌမှ “မကြာမီကျင်းပတော့မည့်ရွေးကောက်ပွဲကြီးဟာနီးကပ်လာပြီဖြစ်ကြောင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးမှ ယခုရွေးကောက်ပွဲဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပါကြောင်း၊ရွေးကောက်ပွဲကျင်းပရခြင်းဟာမိဖပြည်သူများလိုချင်တောင့်တနေသည့်ဒီမိုကရေစီကျင့်စဥ်အရပြည်သူများရဲ့ဆန္ဒနှင့်တိုင်းပြည်ကိုထူထောင်ရမှာဖြစ်ပါကြောင်း၊ပြည်သူများ၏ဆန္ဒနှင့်ပြည်သူများ၏အင်အားဖြင့်တိုင်းပြည်ကိုတည်ဆောက်မှသာတိုင်းပြည်ကြီးဟာပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကိုသွားသည့်အခါတွင်ဒီမိုကရေရဲ့ကျင့်စဥ်များ၊ဒီမိုကရေစီရဲ့ယဥ်ကျေးမူများဟာရွေးကောက်ပွဲတစ်ခု၏အသက်ဖြစ်ပါကြောင်း၊ယနေ့မိဘပြည်သူများခံစားနေရသည်မှာ တည်ငြိမ်အေးချမ်းမူ့ဖြစ်ပါကြောင်း၊တိုင်းပြည်တည်ငြိမ်မူကိုမလိုလားသည့်နှောက်ယှက်လို့သည့်ပြည်ပပရောဂများကြောင့်လည်းတိုင်းပြည်မတည်ငြိမ်ခြင်းဖြစ်ပါကြောင်း၊

မိမိတို့ညီအကိုမောင်နှမများညီညီညွတ်ညွတ်ဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊မိမိကြိုက်နှစ်သက်သူအားမဲပေးရွေးချယ်၍ တာဝန်ပေးရမည်ဖြစ်ကြောင်း၊မိမိဒေသအကျိုး၊တိုင်းပြည်ကောင်းကျိုးအတွက် တာဝန်ပေးအပ်ရမည်ဖြစ်ပါကြောင်း၊ကိုယ်စားလှယ်ရွေးသည့်နေရာတွင် တိုင်းပြည်အတွက်တကယ်အလုပ်လုပ်ပြနိုင်သည့်လူတော်လူကောင်းတွေကိုရွေးချယ်ပေးဖို့လိုအပ်ကြောင်၊၊မိမိတို့ပြည်ခိုင်ဖြိုးပါတီသည် အင်းအားတောင့်တင်းပြီး စနစ်တကျဖွဲ့စည်းထားသည့်ပါတီ၊အစဥ်အလာကောင်းတွေထိမ်းသိမ်းခဲ့သည့်ပါတီဖြစ်ပါကြောင်း၊သမ္မတကြီးဦးသိန်းစိန်လက်ထက်ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊မိဘပြည်သူများအားလုံးဟာမဲပေးသည့်အခါတွင်အသဲကြားကမဲတစ်ပြားကိုပေးသည့်အခါတွင်မိမိရဲ့ဦးနှောက်နှင့်ဆုံးဖြတ်၍မဲပေးသွားဖို့လိုအပ်ပါကြောင်း ” ထည့်သွင်းပြောကြားသွားခဲ့သည်။

ဆက်လက်၍ပြည်ခိုင်ဖြိုးပါတီ ပြင်ဦးလွင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းဦးမြထွန်းဦးမှစည်းရုံးရေးစကားပြောကြားရာတွင်”အခုလိုလာရောက်ပေးခဲ့ကြသည့်မိဘပြည်သူများအားကျေးဇူးအထူးတင်ရှိပါကြောင်း၊မိမိအခုလိုရောက်လာရခြင်းမှာ မိဘပြည်သူများ၏အသံကိုနားထောင်၍ မိမိ၏ရည်မှန်းချက်များကိုတင်ပြလိုခြင်းကြောင့်ဖြစ်ကြောင်း၊မိဘပြည်သူများနှင့်အတူလက်တွဲ၍ပြင်ဦးလွင်မြို့နယ်ရဲ့အနာဂါတ်ကိုတည်ထောင်ဖို့အတွက်ဖြစ်ကြောင်း၊အနာတ်ပြင်ဦးလွင်ကိုခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်သော မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံတော်အတွက် ထူးခြားပြောင်းလဲမှုများဖော်ဆောင်ပေးနိုင်သောမြို့တော်အဖြစ်တည်ဆောက်သွားရန်ဖြစ်ကြောင်း၊လာမည့်ရွေးကောက်ပွဲတွင်ပြည်သူ၏အဆုံးအဖြတ်ကိုလေးစားစွာခံယူလျက်မဲဆန္ဒရှင်များ၏လိုလားချက်မျှော်လင့်ချက်များကိုအပြည့်အဝဖြည့်ဆည်းဖော်ဆောင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊နိုင်ငံနှင့်ပြည်သူအတွက်ကောင်းကျိုးချမ်းသာကိုစိတ်ဆန္ဒပြင်းပြစွာဖြင့်ပြည်သူ့အပေါ်ထားရှိသည့်စိတ်စေတနာထက်သန်လျက်ပြည်သူများအားလုံး နိုင်ငံတော်၏အရိပ်အဝါသအောက်တွင်အေးချမ်းပျော်ရွှင်လုံခြုံစွာအတူလက်တွဲနေထိုင်နိုင်ရေး၊ပြည်သူအားလုံး၏ထောက်ခံအားပေးမူဖြင့်နိုင်ငံတကာအလယ်တွင်သိက္ခာရှိစွာရပ်တည်နိုင်သောအစိုးရတစ်ရပ်ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။