ရုရှားကအာကာသစက်ရုပ်တယ်လီဒရွိုက်ကို၂၀၂၆ တွင်လွှတ်တင်မည်

ရုရှားကအာကာသစက်ရုပ်တယ်လီဒရွိုက်ကို၂၀၂၆ တွင်လွှတ်တင်မည်
==================
ရုရှားနိုင်ငံသည် တယ်လီဒရွိုက်ဟု လူသိများသော အာကာသယာဉ်ပျံ၏ ရှေ့ပြေးပုံစံကို နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ၂၀၂၆ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်နေကြောင်း ရုရှားထိပ်တန်း အာကာသ သုတေသနဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
တယ်လီအန်ဒရွိုက်ဟု နာမည်အတိုကောက်ဖြင့်ခေါ်ဝေါ်ထားသောစက်ရုပ်သည် အာကာသစခန်းအပြင်ဘက်၌ အာကာသယာဉ်မှူးများကို အလုပ်များကို လုပ်ဆောင်ရာမှာ ကူညီရန်အတွက်ဒီဇိုင်း ပုံထုတ်ထားပြီး အာကာသလမ်းလျှောက်ခြင်းနှင့် ဆက်စပ်နေသောအန္တရာယ်များနှင့် ကုန်ကျစရိတ်များကို လျှော့ချဖို့ ဒီဇိုင်းပုံထုတ်ထားသည်ဟုစက်တည်ဆောက်မှုဗဟိုသုတေသနဌာန (TsNIIMash) က ပြောပါသည်။
TsNIIMash က တယ်လီဒရွိုက်အတွက် ပျံသန်းမှု မိုဒယ်ကို ထုတ်လုပ်ထားပြီး လက်ရှိတွင် နောက်ဆုံး စမ်းသပ်မှုများကိုလုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ စစ်ဆေးမှုများ ပြီးစီးပြီးနောက် စက်ရုပ်ကို ၂၀၂၆ ခုနှစ် ဇွန်လမှ စတင်၍ ISS သို့ ပို့ဆောင်ရန် စီစဉ်ထားသည်။ ရုရှား၏ ၇၅ ကြိမ်မြောက် ISS လေ့လာရေးခရီးမှ အဖွဲ့ဝင်များသည် ဩဂုတ်လ ၂၀၂၆ မှ မတ်လ ၂၀၂၇ ခုနှစ်အထိ စက်ရုပ်အား ပတ်လမ်းအတွင်းလည်ပတ်နိုင်စေရန် မျှော်လင့်ပါသည်။
တယ်လီဒရွိုက်သည် လူနှင့်တူသော လက်မောင်းလက်တံများ၊ လက်များနှင့် ဦးခေါင်းများပါရှိသော ကိုယ်ခန္ဓာအမျိုးအစားရှိသည့် စက်ရုပ်ဖြစ်ပြီး ဟင်းလင်းပြင်နှင့် လေဟာနယ်တွင်၊ ဓာတ်ရောင်ခြည်နှင့် အပူချိန်လွန်ကဲသော အခြေအနေအောက်တွင် အလုပ်လုပ်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားသည်။ နာဆာ၏ ရိုဘိုနော့တ်-၂ ကဲ့သို့သော အစောပိုင်း အာကာသစက်ရုပ်များနှင့် မတူဘဲ အာကာသစခန်းအတွင်း၌သာ စမ်းသပ်ခဲ့သည့် တယ်လီဒရွိုက်သည် ယာဉ်ပြင်ပလှုပ်ရှားမှုများအတွက် ရည်ရွယ်ပါသည်။ -Ref: ရှင်းဟွာ




