ရွေးကောက်ပွဲဆိုတာ ကိုယ့်ကိုယ်စားလှယ်တွေနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်အုပ်ချုပ်တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးဦးသောင်းအေးပြော


ရွေးကောက်ပွဲဆိုတာ ကိုယ့်ကိုယ်စားလှယ်တွေနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်အုပ်ချုပ်တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးဦးသောင်းအေးပြော
===========================
၂၀၂၅ ဒီဇင်ဘာ ၂၂
ဒီမိုကရေစီဆိုတာဟာ အားလုံးက စီမံခန့်ခွဲပြီးတော့ ကိုယ့်ကိုယ်စားလှယ်တွေနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်အုပ်ချုပ်တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးက ပြောပါတယ်။
အခုရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဆိုရင် ဘယ်တွေရောက်သွားမလဲ၊ ပထမဦးဆုံး လွှတ်တော်ထဲ ရောက်သွားမှာ။ လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်သုံးရပ်အလိုက် ပေးလိုက်တာကို။ အဲ့တော့ လွှတ်တော်ထဲရောက်သွားပြီဆိုရင် တစ်ချို့တစ်ဝက်က လွှတ်တော်ထဲမှာ ဥပဒေပြုတဲ့အလုပ်တွေကို လုပ်ရမယ်။ တစ်ချို့တစ်ဝက်က အစိုးရအဖွဲ့ထဲမှာ ရောက်သွားမယ်။ အဲ့တော့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုကလည်း ကောင်းလာမယ်။ အဲ့တော့ ကျန်ခဲ့တဲ့ ဥပဒေပြုတဲ့ အဖွဲ့တွေကလည်း ဥပဒေရေးရာကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ရမယ် လို့ ဦးသောင်းအေးကပြောပါတယ်။
ဥပဒေဆိုတာကလည်းပဲ ကျွန်တော်တို့ ပြည်သူတွေ ခံစားနေရတဲ့ ပြဿနာတွေကို မဟုတ်တာတွေ မဖြစ်အောင်၊ ဟုတ်တာတွေ ဖြစ်လာအောင် ပြဌာန်းတာပဲလို့ဆိုပါတယ်။
အဲ့တာကို မှန်မှန်ကန်ကန်နဲ့ ရှေးအစဉ်အဆက်က လုပ်ခဲ့ကြတယ်။ တစ်ချို့တစ်လေကြတော့ ကိုယ့်အတွက် အန္တရာယ်ဖြစ်တယ်ဆိုတာနဲ့ တိုင်းပြည်အတွက် မကြည့်ဘဲနဲ့ တစ်ချို့ဥပဒေတွေ၊ တစ်ချို့ အမိန့်တွေကို ပယ်ဖျက်ပစ်လိုက်တယ်။ အဲ့တော့ တိုင်းပြည်က ဘာဖြစ်လဲ၊ ချောက်ထဲရောက်တာပေါ့။ အဲ့ဒီလို မဖြစ်အောင် ကျွန်တော်တို့က ဒါကြီးကို ထိန်းရမယ်။ အဲ့တော့ ဥပဒေပြုရေးကိုလည်း ထိန်းရမယ်၊ အစိုးရရဲ့ အုပ်ချုပ်ရေးကိုလည်း ထိန်းရမယ်၊ နောက် တရားစီရင်ရေးကိုလည်း ထိန်းရမယ် လို့ဦးသောင်းအေးကပြောပါတယ်။
ဒီမဏ္ဍိုင်သုံးခုလုံးကို ကျွန်တော်တို့က ညီညီမျှမျှ မှန်မှန်ကန်ကန် ရပ်တည်နိုင်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ အတ္တနိုင်ငံရေးတွေ မရှိသင့်ဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်အတွက်ကြည့်ရမလဲ၊ ဒီပြည်သူတွေအတွက်ပဲ ကြည့်ရမယ်။ ဒီနိုင်ငံအတွက်ပဲ ကြည့်ရမယ်။ ငါ့အတွက်၊ ငါ့အဖွဲ့အတွက်၊ ငါ့ပါတီအတွက်လို့ သွားလို့မရဘူး။ ကျွန်တော်တို့က ကိုယ့်အကျိုးနဲ့ ပါတီအကျိုးနဲ့ ယှဉ်ရင် ပါတီအကျိုးကို ဦးစားပေးရမယ်။ ပါတီအကျိုးနဲ့ နိုင်ငံ့အကျိုးကို ယှဉ်ရင် နိုင်ငံ့အကျိုးကို ဦးစားပေးရမယ်။ ဒီလို ကျွန်တော်တို့က ခံယူထားတဲ့ ပါတီဖြစ်ပါတယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးက ပြောပါတယ်။




