အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

================

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ မန်ယူအသင်းက အက်စတွန်ဗီလာကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က ပထမပိုင်းပြီးတဲ့အထိ ဆက်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒဏ်ရာကို တံကောက်ကြောဒဏ်ရာဖြစ်ဖွယ်ရှိကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပြီး အာမိုရင်မ်ကတော့ ကြွက်သားဒဏ်ရာဖြစ်မယ်လို့ ထင်ကြောင်းနဲ့ ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိကြောင်း၊ ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။