
=================
(အားကစား) ဒီဇင်ဘာ ၁၀


==============

ခြင်းလုံးအားကစားနည်းမှ မြန်မာ ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးရရှိ
=================
(အားကစား) ဒီဇင်ဘာ ၁၀

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးပွဲစဉ်များကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းက ထိုင်းအမျိုးသမီးအသင်းကို ပထမပွဲတွင် မြန်မာ-၂၄၇ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် မြန်မာ-၂၅၅ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း နှစ်ပွဲပေါင်းရလဒ် မြန်မာ-၅၀၂ နှင့် ထိုင်း-၄၄၆ ဖြင့် မြန်မာအမျိုးသမီးအသင်းက ပထမဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။