



===============================
သင်္ဃန်းကျွန်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း တက်ရောက်
===============================
သင်္ဃန်းကျွန်း ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်းများနှင့်မြို့မိမြို့ဖများတွေ့ဆုံပွဲအခမ်းအနားကိုတာမွေမြို့နယ်ရှိ Sky Star Hotel ၌ ဒီဇင်ဘာလ(၉)ရက်နေ့ကပြုလုပ်ခဲ့ရာ၎င်းတွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားအားနိုင်ငံတော်အလံအား အလေးပြု၍နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးမှရွေးကောက်ပွဲကြေညာစာတမ်းအားရှင်းလင်းခဲ့ပါသည်။
၎င်းနောက် သင်္ဃန်းကျွန်းခရိုင်အတွင်းမှဝင်ရောက် ယှဥ်ပြိုင်အရွေးခံကြမည့်ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများအားမြို့မိမြို့ဖများနှင့်တစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့ပြီး မြို့မိမြု့ဖတစ်ဦးမှကျေးဇူးတင်ဝမ်းမြောက်စကားပြန်လညိပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌမှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအားမြို့မိမြို့ဖများထံအပ်နှံကြောင်းနိဂုံးချုပ်ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။




