
=====================



ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ
=====================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၈၃၀ အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ပါတီဌာနချုပ် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး၊ ဌာနမှူး ဦးနိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် အဖွဲ့ဝင် ၃ ဦးတို့ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။