==============
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Hydration Break ပေးမယ်
==============
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေဓာတ်ပြန်ဖြည့်ဖို Hydration Break ပေးသွားမယ်လို ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)က ကြေညာခဲ့ပါတယ်။
ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ပိုင်းစီမှာ သုံးမိနစ်စီ အနားပေးသွားမှာဖြစ်တယ်။
FIFA က ကစားသမားတွေရဲ့ကျန်းမာရေးဟာ အဓိကဦးစားပေးဖြစ်ပြီး အသင်းအားလုံး ညီတူတန်းတူ အခွင့်အရေးရရှိမယ်လို သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ပွဲချိန် ၂၂ မိနစ်ရောက်တိုင်း ခေတ္တရပ်ပြီး သုံးမိနစ်စီ အနားပေးမှာဖြစ်တယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးပွဲစဉ်များ လက်ခံကျင်းပမယ့် ၁၆ ကွင်းအနက် ၁၀ ကွင်းဟာ ရာသီဥတုအပူဒဏ် ခံရဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့အပတ်က အင်္ဂလန်အသင်းမန်နေဂျာ သောမတ်စ်တူဟယ်လ်က အရန်ကစားသမားတွေကို အဝတ်အစားလဲခန်းထဲမှာ ထားရှိဖို စဉ်းစားနေတယ်လို ပြောကြားခဲ့ပါတယ်။ #Eleven