ပင္လယ္ေရေမွာ္ရဲ႕ က်န္းမာေရး ေကာင္းက်ိဳးေတြ

ပင္လယ္ေရေမွာ္ရဲ႕ က်န္းမာေရး ေကာင္းက်ိဳးေတြ
===============
က်န္းမာေရးက႑ကေန ပင္လယ္ေရေမွာ္ရဲ႕က်န္းမာေရး ေကာင္းက်ိဳးေတြ အေၾကာင္းကို ေျပာျပသြားမွာ ျဖစ္ပါတယ္။
ပင္လယ္ေရေမွာ္မွာ ဗီတာမင္ A၊ C၊ E၊ carotenoids နဲ႔ flavonoids ကဲ့သို႔ေသာ antioxidants ဓာတ္ေတြ ပါဝင္ပါတယ္။ အဲဒီ antioxidants ေတြဟာ ခႏၶာကိုယ္ထဲက ဆဲလ္ေတြ ပ်က္စီးျခင္းမွ ကာကြယ္ေပးပါတယ္။
က်န္းမာေရး ကြၽမ္းက်င္သူေတြနဲ႔ ေလ့လာမႈေတြအရ ပင္လယ္ေရေမွာ္မွာ Fucoxanthin ကဲ့သို႔ antioxidants ဓာတ္ေတြပါဝင္မႈဟာ ကိုယ္ခံစြမ္းအားနဲ႔ ဆဲလ္ေတြ ျပန္လည္ရွင္သန္မႈကို တိုးတက္ေကာင္းမြန္ေစရန္ ကူညီေပးႏိုင္ပါတယ္။
ပင္လယ္ေရေမွာ္စားသုံးျခင္းက Covid-19 (SARS-COV- 2) ကဲ့သို႔ေသာ ဗိုင္းရပ္စ္ကူးစက္မႈရဲ႕ အက်ိဳးသက္ေရာက္မႈကို ေလ်ာ့နည္းေစေၾကာင္းလည္း ေတြ႕ရွိခဲ့ပါတယ္။ ပင္လယ္ေရေမွာ္က ႏွလုံးက်န္းမာေရးအတြက္လည္း ေကာင္းမြန္ပါတယ္။
ပင္လယ္ေရေမွာ္ေတြစားသုံးျခင္းက ႏွလုံးက်န္းမာေရးကို ျမႇင့္တင္ေပးတဲ့ ေသြးတြင္းသၾကားဓာတ္ကို ျမင့္မားျခင္းနဲ႔ ေသြးေပါင္ခ်ိန္ ျမင့္မားျခင္းကိုလည္း ေလွ်ာ့ခ်ရာမွာ အေထာက္အကူ ျဖစ္ေစပါတယ္။
ပင္လယ္ေရေမွာ္မွာ အိုမီဂါ-၃ ဖက္တီးအက္ဆစ္ ပါဝင္မႈက မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးၿပီး ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
ပင္လယ္ေရေမွာ္မွာ prebiotics၊ fibers နဲ႔ antioxidants ဓာတ္ေတြ ပါဝင္တာေၾကာင့္ ဆီးခ်ိဳေရာဂါကို ေလွ်ာ့က်ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။
ဒါ့အျပင္ Carotenoid, Fucoxanthin ကဲ့သို႔ေသာ အပင္ဓာတ္ေပါင္းေတြနဲ႔ antioxidants ဓာတ္ေတြ ပါဝင္မႈဟာ ေသြးတြင္းသၾကားဓာတ္ ပမာဏကို ထိန္းညႇိေပးပါတယ္။
ေနာက္ၿပီးေတာ့ ပင္လယ္ေရေမွာ္မွာ အမွ်င္ဓာတ္ပါဝင္မႈ ျမင့္မားတာေၾကာင့္ insulin ကို ပိုမိုေကာင္းမြန္စြာ လုပ္ေဆာင္ေပးၿပီး metabolismကိုပါ ျမႇင့္တင္ေပးပါတယ္။
ပင္လယ္ေရေမွာ္ေတြက ေဟာ္မုန္းေတြကို ပိုမို ေကာင္းမြန္ေစေအာင္ လုပ္ေဆာင္ၿပီး Thyroidရဲ႕ လုပ္ေဆာင္မႈေတြကိုလည္း ေကာင္းမြန္ေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခႏၶာကိုယ္ရွိ Thyroids glands ေတြဟာ ေဟာ္မုန္းေတြကို ထိန္းညႇိရာမွာ ကူညီေပးပါတယ္။
ပင္လယ္ေရေမွာ္မွာ အိုင္အိုဒင္းနဲ႔ အမိုင္ႏိုအက္ဆစ္ Tyrosine ပါဝင္မႈက ေဟာ္မုန္းေတြကို ပိုမိုေကာင္းမြန္ေစရန္ ကူညီေပးတာေၾကာင့္ ျဖစ္ပါတယ္။
ပင်လယ်ရေမှော်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ
===============
ကျန်းမာရေးကဏ္ဍကနေ ပင်လယ်ရေမှော်ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
ပင်လယ်ရေမှော်မှာ ဗီတာမင် A၊ C၊ E၊ carotenoids နဲ့ flavonoids ကဲ့သို့သော antioxidants ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီ antioxidants တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာမှုတွေအရ ပင်လယ်ရေမှော်မှာ Fucoxanthin ကဲ့သို့ antioxidants ဓာတ်တွေပါဝင်မှုဟာ ကိုယ်ခံစွမ်းအားနဲ့ ဆဲလ်တွေ ပြန်လည်ရှင်သန်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်ပါတယ်။
ပင်လယ်ရေမှော်စားသုံးခြင်းက Covid-19 (SARS-COV- 2) ကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှုရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်းစေကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ပင်လယ်ရေမှော်က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
ပင်လယ်ရေမှော်တွေစားသုံးခြင်းက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်မားခြင်းနဲ့ သွေးပေါင်ချိန် မြင့်မားခြင်းကိုလည်း လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ပင်လယ်ရေမှော်မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်မှုက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပင်လယ်ရေမှော်မှာ prebiotics၊ fibers နဲ့ antioxidants ဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုရောဂါကို လျှော့ကျရာမှာ အထောက်အကူဖြစ်စေပါတယ်။
ဒါ့အပြင် Carotenoid, Fucoxanthin ကဲ့သို့သော အပင်ဓာတ်ပေါင်းတွေနဲ့ antioxidants ဓာတ်တွေ ပါဝင်မှုဟာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးပါတယ်။
နောက်ပြီးတော့ ပင်လယ်ရေမှော်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် insulin ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ပေးပြီး metabolismကိုပါ မြှင့်တင်ပေးပါတယ်။
ပင်လယ်ရေမှော်တွေက ဟော်မုန်းတွေကို ပိုမို ကောင်းမွန်စေအောင် လုပ်ဆောင်ပြီး Thyroidရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရှိ Thyroids glands တွေဟာ ဟော်မုန်းတွေကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။
ပင်လယ်ရေမှော်မှာ အိုင်အိုဒင်းနဲ့ အမိုင်နိုအက်ဆစ် Tyrosine ပါဝင်မှုက ဟော်မုန်းတွေကို ပိုမိုကောင်းမွန်စေရန် ကူညီပေးတာကြောင့် ဖြစ်ပါတယ်။



