အေမရိကန္သမၼတေဒၚနယ္ထရမ့္ FIFA ကေပးအပ္ေသာ ၿငိမ္းခ်မ္းေရးဆု ရရွိ

အေမရိကန္သမၼတေဒၚနယ္ထရမ့္ FIFA ကေပးအပ္ေသာ ၿငိမ္းခ်မ္းေရးဆု ရရွိ
======================
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (FIFA) က ေပးအပ္ေသာ ၿငိမ္းခ်မ္းေရးဆုကို ရရွိေၾကာင္းသိရပါတယ္။

FIFA ဥကၠ႒ ဂီယန္နီ အင္ဖန္တီႏိုက ၎၏မဟာမိတ္ျဖစ္သည့္ ထရမ့္ကို ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၅ ရက္တြင္ ဝါရွင္တန္ဒီစီရွိ ကေနဒီစင္တာ၌ ၿငိမ္းခ်မ္းေရးဆုတံဆိပ္၊ လက္မွတ္ႏွင့္ ဆုဖလားတို႔ကို ေပးအပ္ခဲ့ျခင္း ျဖစ္ပါတယ္။

ထရမ့္အေနျဖင့္ ကမာၻတစ္ဝန္းတြင္ ၿငိမ္းခ်မ္းေရးႏွင့္ ညီၫြတ္ေရးကို အားေပးျမႇင့္တင္ခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ၿငိမ္းခ်မ္းေရးဆုရရွိရန္ ထိုက္တန္ျခင္းျဖစ္ေၾကာင္း အင္ဖန္တီႏိုကေျပာပါတယ္။

ထရမ့္က ယင္းဆုကို လက္ခံရယူခဲ့ၿပီးေနာက္ ၎၏ဘဝတြင္ ရရွိဖူးသည့္ အႀကီးက်ယ္ဆုံးေသာ ဂုဏ္ထူးေဆာင္ဆုမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း ေျပာပါတယ္။

ထို႔ျပင္ “ကမာၻႀကီးဟာ အခုဆိုရင္ ပိုမိုလုံၿခဳံတဲ့ေနရာတစ္ခုျဖစ္လာပါၿပီ”ဟု သမၼတ ထရမ့္က မွတ္ခ်က္ျပဳကာ သန္းႏွင့္ခ်ီေသာ လူေပါင္းမ်ားစြာ၏ အသက္မ်ားကို ကယ္တင္ႏိုင္ခဲ့ေၾကာင္း အခိုင္အမာ ေျပာထားပါတယ္။

ယခုခ်ီးျမႇင့္သည့္ဆုသည္ FIFA က တီထြင္ေပးအပ္သည့္ ပထမဆုံးေသာ ၿငိမ္းခ်မ္းေရးဆုျဖစ္ေၾကာင္း သိရပါတယ္။


အမေရိကန်သမ္မတဒေါ်နယ်ထရမ့် FIFA ကပေးအပ်သော ငြိမ်းချမ်းရေးဆု ရရှိ
======================
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပေးအပ်သော ငြိမ်းချမ်းရေးဆုကို ရရှိကြောင်းသိရပါတယ်။

FIFA ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ၎င်း၏မဟာမိတ်ဖြစ်သည့် ထရမ့်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်တွင် ဝါရှင်တန်ဒီစီရှိ ကနေဒီစင်တာ၌ ငြိမ်းချမ်းရေးဆုတံဆိပ်၊ လက်မှတ်နှင့် ဆုဖလားတို့ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ထရမ့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို အားပေးမြှင့်တင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးဆုရရှိရန် ထိုက်တန်ခြင်းဖြစ်ကြောင်း အင်ဖန်တီနိုကပြောပါတယ်။

ထရမ့်က ယင်းဆုကို လက်ခံရယူခဲ့ပြီးနောက် ၎င်း၏ဘဝတွင် ရရှိဖူးသည့် အကြီးကျယ်ဆုံးသော ဂုဏ်ထူးဆောင်ဆုများထဲမှ တစ်ခုဖြစ်ကြောင်း ပြောပါတယ်။

ထို့ပြင် “ကမ္ဘာကြီးဟာ အခုဆိုရင် ပိုမိုလုံခြုံတဲ့နေရာတစ်ခုဖြစ်လာပါပြီ”ဟု သမ္မတ ထရမ့်က မှတ်ချက်ပြုကာ သန်းနှင့်ချီသော လူပေါင်းများစွာ၏ အသက်များကို ကယ်တင်နိုင်ခဲ့ကြောင်း အခိုင်အမာ ပြောထားပါတယ်။

ယခုချီးမြှင့်သည့်ဆုသည် FIFA က တီထွင်ပေးအပ်သည့် ပထမဆုံးသော ငြိမ်းချမ်းရေးဆုဖြစ်ကြောင်း သိရပါတယ်။