ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေက်ာက္ဖ်ာအုပ္စု ေက်ာက္ဖ်ာ႐ြာမွ မဲဆႏၵရွင္ျပည္သူမ်ားအား သြားေရာက္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေက်ာက္ဖ်ာအုပ္စု ေက်ာက္ဖ်ာ႐ြာမွ မဲဆႏၵရွင္ျပည္သူမ်ားအား သြားေရာက္ေတြ႕ဆုံ
==========================
ဒီဇင္ဘာ ၃၊ ေဇယ်ာသီရိ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ဦးလွေဆြႏွင့္အတူ ၃-၁၂-၂၀၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ေတာင္ေပၚေဒသတြင္ရွိေသာ ေက်ာက္ဖ်ာအုပ္စု၊ ေက်ာက္ဖ်ာေက်း႐ြာသို႔ သြားေရာက္ကာ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ဦးလွေဆြက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက မိတ္ဆက္စကားႏွင့္ ေဇယ်ာသီရိမဲဆႏၵနယ္မွ ပါတီကိုယ္စားျပဳဝင္ေရာက္အေ႐ြးခ်ယ္ခံမည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားအား ရွင္းလင္းေျပာၾကားပါသည္။ ဆက္လက္ၿပီး ပါတီဥကၠ႒က မၾကာမီက်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲသည္ ျပည္တြင္းျပည္ပ အသိသက္ေသမ်ား၏ေရွ႕တြင္ တရားဝင္ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲျဖစ္ေၾကာင္း၊ ႏိုင္ငံသားအားလုံး၏အနာဂတ္သည္ ေ႐ြးေကာက္ပြဲအေပၚ မ်ားစြာမူတည္ေၾကာင္း၊ မပ်က္မကြက္ မဲေပးၾကရန္လိုေၾကာင္း၊ အရည္အခ်င္းျပည့္စုံသူ အေတြ႕အႀကဳံရွိသူ လုပ္ငန္းေဆာင္တာရပ္မ်ားကို ေဆာင္႐ြက္ခဲ့ဘူးသူမ်ားကို ေသခ်ာစြာစဥ္းစားဆုံးျဖတ္ေ႐ြးခ်ယ္ေပးရန္လိုေၾကာင္း၊ အဆိုပါအခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိသည္မွာ ျပည္ခိုင္ၿဖိဳးပါတီပင္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္လည္း ေဇယ်ာသီရိေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အာမခံေၾကာင္း၊ ယုံၾကည္စိတ္ခ်စြာ မိမိတို႔ကို ေ႐ြးခ်ယ္မဲေပးၾကရန္ ရွင္းလင္းေျပာၾကားပါသည္။
၎ေနာက္ မဲဆႏၵရွင္ျပည္သူမ်ားတင္ျပေသာ လမ္းခရီးသြားလာေရး လြယ္ကူအဆင္ေျပႏိုင္ေရးအတြက္ကိုလည္း ျဖည့္ဆည္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ဆႏၵမဲေပးရာတြင္ မဲေပးစက္ျဖင့္ မဲေပးျခင္းအား သ႐ုပ္ျပသရွင္းလင္းခဲ့ၿပီး ေတြ႕ဆုံပြဲ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကျောက်ဖျာအုပ်စု ကျောက်ဖျာရွာမှ မဲဆန္ဒရှင်ပြည်သူများအား သွားရောက်တွေ့ဆုံ
==========================
ဒီဇင်ဘာ ၃၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့်အတူ ၃-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသတွင်ရှိသော ကျောက်ဖျာအုပ်စု၊ ကျောက်ဖျာကျေးရွာသို့ သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေက နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မိတ်ဆက်စကားနှင့် ဇေယျာသီရိမဲဆန္ဒနယ်မှ ပါတီကိုယ်စားပြုဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌက မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်တွင်းပြည်ပ အသိသက်သေများ၏ရှေ့တွင် တရားဝင်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၏အနာဂတ်သည် ရွေးကောက်ပွဲအပေါ် များစွာမူတည်ကြောင်း၊ မပျက်မကွက် မဲပေးကြရန်လိုကြောင်း၊ အရည်အချင်းပြည့်စုံသူ အတွေ့အကြုံရှိသူ လုပ်ငန်းဆောင်တာရပ်များကို ဆောင်ရွက်ခဲ့ဘူးသူများကို သေချာစွာစဉ်းစားဆုံးဖြတ်ရွေးချယ်ပေးရန်လိုကြောင်း၊ အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသည်မှာ ပြည်ခိုင်ဖြိုးပါတီပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဇေယျာသီရိဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာမခံကြောင်း၊ ယုံကြည်စိတ်ချစွာ မိမိတို့ကို ရွေးချယ်မဲပေးကြရန် ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် မဲဆန္ဒရှင်ပြည်သူများတင်ပြသော လမ်းခရီးသွားလာရေး လွယ်ကူအဆင်ပြေနိုင်ရေးအတွက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးရာတွင် မဲပေးစက်ဖြင့် မဲပေးခြင်းအား သရုပ်ပြသရှင်းလင်းခဲ့ပြီး တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




