
===================
ဒီဇင်ဘာ ၁


ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ
===================
ဒီဇင်ဘာ ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွန့်တို့မှ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်နိုင်ညွန့်နှင့် မဲရုံကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရသည်။