

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ် အရှေ့ဘက် သာယာကုန်းအုပ်စု သာယာကုန်းကျေးရွာ၊ တိန်းတယ်ကျေးရွာ၊ ဧကရစ်ကုန်းအုပ်စု ဧကရစ်ကုန်း၊ ဘုမကုန်း၊
ရွာသစ်၊ ရေလည်ကွေ့ကျေးရွာလူထုနှင့် တွေ့ဆုံပြီးရွေးကောက်ပွဲဆိုင်ရာများရှင်းလင်းပြောကြားကာပြန်လှန်ဆွေးနွေး၍ဆုချီးမြှင့်ပေးခဲ့သည်။




