

===============
၁-၁၂-၂၀၂၅ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီဒုတိယ(ဥက္ကဋ္ဌ-၁) ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်း ဒိုးနွယ်အုပ်စု၊ဒိုးနွယ်ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
===============
၁-၁၂-၂၀၂၅ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ(ဥက္ကဋ္ဌ-၁)ဦးမြတ်ဟိန်း နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သည် ယနေ့ မွန်းလွဲပိုင်း ၂နာရီခွဲ အချိန်ခန့်တွင် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ဒိုးနွယ်ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပါတီဒုတိယ(ဥက္ကဌ-၁) ဦးမြတ်ဟိန်းမှရွေးကောက်ပွဲဖြစ်ပေါ်လာပုံများ၊ရွေးကောက်ပွဲသည်နိုင်ငံတစ်ခုအတွက်အရေးကြီးကြောင်းနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများကိုဆွေးနွေးခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့သိရှိလိုသော အချက်အလက်များနှင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ကိုင်မူ့များကို မေးမြန်းရာ ပါတီဒုတိယ(ဥက္ကဋ္ဌ-၁)မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ညနေ ၄နာရီ အချိန်ခန့်တွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။




