ဂ်ပန္ႏိုင္ငံမွ ျမန္မာလုပ္သား ၅၀၀ ေက်ာ္ ေခၚယူထား

ဂ်ပန္ႏိုင္ငံမွ ျမန္မာလုပ္သား ၅၀၀ ေက်ာ္ ေခၚယူထား
==================
ဂ်ပန္ႏိုင္ငံရွိ စက္႐ုံအလုပ္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာလုပ္သား ၅၀၀ ေက်ာ္ေခၚယူထားေၾကာင္း ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳမွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳအေနျဖင့္ အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ ေပးပိုလာသည့္ အလုပ္ကမ္းလွမ္းစာ ( Demand Letter ) မ်ားကို စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ အခုလို စိစစ္ေဆာင္႐ြက္ရာမွာ ဂ်ပန္ႏိုင္ငံရွိ အလုပ္သမားႀကီးၾကပ္ေရးကုမၸဏီႏွင့္ အလုပ္ေခၚယူတဲ့ စက္႐ုံ/ ကုမၸဏီမ်ားက ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္း ရွိ/မရွိ စာ႐ြက္စာတမ္း အေထာက္အထားမ်ားစိစစ္ၿပီး စိစစ္ေတြ႕ရွိ ခ်က္မ်ား၊ သေဘာထားမွတ္ခ်က္မ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို ျပန္လည္ ေပးပိုလ်က္ရွိေၾကာင္း သိရပါတယ္။

ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳအေနနဲ႔ Demand Letter မ်ားကို ဂ်ပန္ကုမၸဏီမ်ားထံမွ ျပန္ၾကားစာ လက္ခံရရွိတဲ့ ရက္စြဲအလိုက္ အစဥ္အတိုင္း စိစစ္ေပးလ်က္ရွိရာ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၈ ရက္အထိ လက္ခံရရွိ၍ စိစစ္ၿပီးစီး ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို ေပးပိုျပန္ၾကားခဲ့တဲ့ အလုပ္ကမ္းလွမ္းစာ ၇၂ ခုႏွင့္ပတ္သက္တဲ့ အခ်က္အလက္မ်ားကို အသိေပးထုတ္ျပန္ထားပါတယ္။


ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၅၀၀ ကျော် ခေါ်ယူထား
==================
ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၅၀၀ ကျော်ခေါ်ယူထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြိုမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြိုအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပိုလာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလို စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများက ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိ ချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို ပြန်လည် ပေးပိုလျက်ရှိကြောင်း သိရပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြိုအနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိတဲ့ ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီး ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို ပေးပိုပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၇၂ ခုနှင့်ပတ်သက်တဲ့ အချက်အလက်များကို အသိပေးထုတ်ပြန်ထားပါတယ်။