ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ အိုင္ေစာက္ေက်း႐ြာအုပ္စု၊ သာယာကုန္းေက်း႐ြာအုပ္စုမွ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ အိုင္ေစာက္ေက်း႐ြာအုပ္စု၊ သာယာကုန္းေက်း႐ြာအုပ္စုမွ ျပည္သူမ်ားႏွင့္ေတြ႕ဆုံ
=======================
ဒီဇင္ဘာ ၃၊ ေဇယ်ာသီရိ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ၃-၁၂-၂၀၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ အိုင္ေစာက္ေက်း႐ြာမွ ျပည္သူမ်ားႏွင့္လည္းေကာင္း၊ ေန႔လည္ပိုင္းတြင္ သာယာကုန္းေက်း႐ြာမွ ျပည္သူမ်ားႏွင့္လည္းေကာင္း ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲမ်ားတြင္ ပါတီဥကၠ႒က ေဇယ်ာသီရိမဲဆႏၵနယ္က ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ား၊ ျပည္တြင္းျပည္ပ ႏိုင္ငံတကာ အသိသက္ေသမ်ား၏ေရွ႕တြင္ ပြင့္လင္းျမင္သာစြာျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲ၏ အေရးႀကီးမႈ၊ ေ႐ြးေကာက္ပြဲသည္ ျပည္သူမ်ား၏ အနာဂတ္ဘဝအတြက္ သက္ေရာက္မႈ၊ ျပည္သူတစ္ဉီး၏ တာဝန္ေက်ပြန္စြာ မပ်က္မကြက္ မဲေပးသင့္မႈႏွင့္ မဲေပးေ႐ြးခ်ယ္ရာတြင္ မိမိတို႔ႏိုင္ငံ နယ္ေျမေဒသအက်ိဳးအတြက္ အမွန္တကယ္ေဆာင္႐ြက္ေပးႏိုင္ေသာသူ၊ အရည္အခ်င္းရွိသူ၊ အေတြ႕အႀကဳံရွိသူေတြကို ေသခ်ာစဥ္းစားဆုံးျဖတ္ေ႐ြးခ်ယ္ရန္လိုေၾကာင္း၊ ျပည္ခိုင္ၿဖိဳးပါတီတြင္ အဆိုပါအခ်က္မ်ားႏွင့္ျပည့္စုံသူမ်ား မ်ားစြာရွိေၾကာင္း ေဆာင္႐ြက္ေပးႏိုင္ေၾကာင္းႏွင့္ ျပည္ခိုင္ၿဖိဳးပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားအား ယုံၾကည္စြာမဲေပးႏိုင္ေၾကာင္း ရွင္းလင္းေျပာၾကားပါသည္။
ထို႔အျပင္ ပါတီဥကၠ႒သည္ တက္ေရာက္လာသူမ်ား၏ ေမးျမန္းတင္ျပမႈမ်ားအား ျပန္လည္ေျဖၾကားေဆြးေႏြးကာ မဲေပးရာတြင္ မဲေပးစက္ျဖင့္ မဲေပးျခင္းနည္းစနစ္မ်ားအား နမူနာမဲေပးစက္ျဖင့္ လက္ေတြ႕သ႐ုပ္ျပေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အိုင်စောက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံ
=======================
ဒီဇင်ဘာ ၃၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၃-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် အိုင်စောက်ကျေးရွာမှ ပြည်သူများနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် သာယာကုန်းကျေးရွာမှ ပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲများတွင် ပါတီဥက္ကဋ္ဌက ဇေယျာသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အသိသက်သေများ၏ရှေ့တွင် ပွင့်လင်းမြင်သာစွာပြုလုပ်မည့် ရွေးကောက်ပွဲ၏ အရေးကြီးမှု၊ ရွေးကောက်ပွဲသည် ပြည်သူများ၏ အနာဂတ်ဘဝအတွက် သက်ရောက်မှု၊ ပြည်သူတစ်ဉီး၏ တာဝန်ကျေပွန်စွာ မပျက်မကွက် မဲပေးသင့်မှုနှင့် မဲပေးရွေးချယ်ရာတွင် မိမိတို့နိုင်ငံ နယ်မြေဒေသအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်သောသူ၊ အရည်အချင်းရှိသူ၊ အတွေ့အကြုံရှိသူတွေကို သေချာစဉ်းစားဆုံးဖြတ်ရွေးချယ်ရန်လိုကြောင်း၊ ပြည်ခိုင်ဖြိုးပါတီတွင် အဆိုပါအချက်များနှင့်ပြည့်စုံသူများ များစွာရှိကြောင်း ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများအား ယုံကြည်စွာမဲပေးနိုင်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့အပြင် ပါတီဥက္ကဋ္ဌသည် တက်ရောက်လာသူများ၏ မေးမြန်းတင်ပြမှုများအား ပြန်လည်ဖြေကြားဆွေးနွေးကာ မဲပေးရာတွင် မဲပေးစက်ဖြင့် မဲပေးခြင်းနည်းစနစ်များအား နမူနာမဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




