
====================
ပေါက်ခေါင်း ဒီဇင်ဘာ ၁




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ပါတီဝန်းရံသူများနှင့် တွေ့ဆုံ
====================
ပေါက်ခေါင်း ဒီဇင်ဘာ ၁

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့၊ အမှတ်(၄)ရပ်ကွက်၌ ဆွေမျိုးမိတ်ဆွေများ၊ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် တက်ရောက်လာကြသူများနှင့်
မဲပေးခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး ရပ်ကွက်ကျေးရွာအလိုက် စည်းရုံးရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။