ဆီးဂိမ္းၿပိဳင္ပြဲဝင္မည့္ ျမန္မာကႏူး/ကယက္ေလွေလွာ္အသင္း ထိုင္းႏိုင္ငံသို႔ ထြက္ခြာ

ဆီးဂိမ္းၿပိဳင္ပြဲဝင္မည့္ ျမန္မာကႏူး/ကယက္ေလွေလွာ္အသင္း ထိုင္းႏိုင္ငံသို႔ ထြက္ခြာ
====================
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ဒီဇင္ဘာလ ၉ ရက္မွ ၂၀ ရက္အထိက်င္းပမည့္ (၃၃) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာကႏူး/ကယက္ေလွေလွာ္အသင္းဒီဇင္ဘာလ ၁ ရက္နံနက္ပိုင္းက ထိုင္းႏိုင္ငံသို႔ ထြက္ခြာသြားခဲ့ေၾကာင္း သိရပါတယ္။
ျမန္မာကႏူး/ကယက္ ေလွေလွာ္အသင္းက အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္းလိုင္း(MAI)ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွတစ္ဆင့္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ထြက္ခြာသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာကႏူး/ကယက္ေလွေလွာ္အသင္းတြင္ အုပ္ခ်ဳပ္/ နည္းျပ(၃)ဦး၊ အမ်ိဳးသားအားကစားသမား(၁၂)ဦး၊ အမ်ိဳးသမီးအားကစားသမား ၅ ဦးလိုက္ပါသြားကာ ထိုင္းႏိုင္ငံ၊ ခြၽန္ဘူရီၿမိဳ႕မွာ က်င္းပမည့္ ကႏူး/ကယက္ေလွေလွာ္ ၿပိဳင္ပြဲရဲ႕ မီတာ(၂၀၀)၊ မီတာ(၅၀၀)ၿပိဳင္ပြဲမ်ားတြင္ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ
====================
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်းဒီဇင်ဘာလ ၁ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
မြန်မာကနူး/ကယက် လှေလှော်အသင်းက အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာကနူး/ကယက်လှေလှော်အသင်းတွင် အုပ်ချုပ်/ နည်းပြ(၃)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား ၅ ဦးလိုက်ပါသွားကာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပမည့် ကနူး/ကယက်လှေလှော် ပြိုင်ပွဲရဲ့ မီတာ(၂၀၀)၊ မီတာ(၅၀၀)ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။




