ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ေတြ႕ဆုံ
===========
ႏိုဝင္ဘာလ ၂၉၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဦးခင္ေမာင္စိုးတို႔သည္ ၂၈-၁၁-၂၀၂၅ ရက္ေန႔ ေန႔လည္ပိုင္းတြင္ သံလြင္လမ္းရွိ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ ျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ မဲဆႏၵနယ္ေျမအသီးသီးတြင္ ပါတီကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခ်ယ္ခံၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ပါသည္။
အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဦးခင္ေမာင္စိုးတိုက ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးေရး ကိစၥရပ္မ်ား၊ ကိုယ္စားလွယ္တစ္ဦး က်င့္သုံးေနထိုင္ေဆာင္႐ြက္ရမည့္ ေဆာင္ရန္ ေရွာင္ရန္အခ်က္မ်ားအား အက်ယ္တဝံ့ ရွင္းလင္းမွာၾကားပါသည္။ ၎ေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားက မိမိတိုမဲဆႏၵနယ္ေျမအတြင္း ေဆာင္႐ြက္ေနမႈမ်ား၊ ႀကဳံေတြ႕ေနရေသာအခက္အခဲမ်ား၊ သိရွိလိုသည့္အခ်က္မ်ားအား တင္ျပေမးျမန္းရာ ပါတီဥကၠ႒၊ ဒုတိယဥကၠ႒၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒တိုက ျပန္လည္ရွင္းလင္းေဆြးေႏြပါသည္။ ထိုေနာက္ ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး ေတြ႕ဆုံပြဲအခမ္းအနားအား ညေန ၄ နာရီအခ်ိ္နတြင္ ႐ုပ္သိမ္းခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံ
===========
နိုဝင်ဘာလ ၂၉၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ၂၈-၁၁-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးတွင် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတိုက ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကိစ္စရပ်များ၊ ကိုယ်စားလှယ်တစ်ဦး ကျင့်သုံးနေထိုင်ဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များအား အကျယ်တဝံ့ ရှင်းလင်းမှာကြားပါသည်။ ၎င်းနောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိမိတိုမဲဆန္ဒနယ်မြေအတွင်း ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသောအခက်အခဲများ၊ သိရှိလိုသည့်အချက်များအား တင်ပြမေးမြန်းရာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတိုက ပြန်လည်ရှင်းလင်းဆွေးနွေပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားအား ညနေ ၄ နာရီအချိ်နတွင် ရုပ်သိမ်းခဲ့ပါသည်။




