
==============================
နိုဝင်ဘာ ၂၈၊ ဧရာဝတီ


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအား ဧရာဝတီတိုင်းဒေသကြီးက သောင်းသောင်းဖျဖျကြိုဆို
==============================
နိုဝင်ဘာ ၂၈၊ ဧရာဝတီ
၂၇-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို့ မိတ်ဆက်အပ်နှံခြင်းနှင့် ရွေးကောက်ပွဲကြေညာစာတမ်းဖတ်ကြားရှင်းလင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ရာ ရန်ကုန်-ပုသိမ် ကားလမ်းတလျှောက်ရှိ မြိုနယ်၊ ရပ်/ကျေးအုပ်စုများမှ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် ပြည်သူများက သောင်းသောင်းဖျဖျ ဩဘာလက်ခုပ်သံများ၊ ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ကြပါသည်။