ဂ်ိဳရႉအာဗန္ပြဲကို သြားေရာက္အားေပးမယ့္ ေအာင္လအန္ဆန္

ဂ်ိဳရႉအာဗန္ပြဲကို သြားေရာက္အားေပးမယ့္ ေအာင္လအန္ဆန္
=========================
ကခ်င္တိုင္းရင္းသား ျမန္မာ MMA ဖိုက္တာေဟာင္း ေအာင္လအန္ဆန္က UFC – 323 ၿပိဳင္ပြဲမွာ ထိုးသတ္မယ့္ ခ်င္းတိုင္းရင္းသားဖိုက္တာ ဂ်ိဳရႉအာဗန္ပြဲကို သြားေရာက္အားေပးမယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္ကေန ေျပာၾကားလာပါတယ္။

ေအာင္လအန္ဆန္က “ကြၽန္ေတာ္ ဂ်ိဳရႉအာဗန္ရဲ႕ အေတာက္ပဆုံးျဖစ္လာမယ့္အခ်ိန္ (ခ်န္ပီယံခါးပတ္ကိုင္ေျမာက္ခြင့္ကိုဆိုလို႔) ကို မေစာင့္ႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔အားလုံး သူ႔ကို ခ်စ္ၾကတယ္။ သူ႔ကို ဂုဏ္ျပဳၾကမယ္။ ကြၽန္ေတာ္ကေတာ့ သူ႔ပြဲကို လပ္ဗီးဂတ္စ္အထိ သြားေရာက္အားေပးမွာပါ” လို႔ ပိုစ္တင္ေရးသားခဲ့တာျဖစ္ပါတယ္။

ဂ်ိဳရႉအာဗန္ဟာ UFC- 323 ၿပိဳင္ပြဲမွာ ဖလိုင္းဝိတ္တန္း ခ်န္ပီယံခါးပတ္စိန္ေခၚပြဲအျဖစ္ လက္ရွိခ်န္ပီယံ ဘရာဇီးဖိုက္တာ ပန္တိုဂ်ာနဲ႔ ဒုေခါင္တြဲဆိုင္းအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္မွာျဖစ္ပါတယ္။

UFC- 323 ၿပိဳင္ပြဲကို လာမယ့္ဒီဇင္ဘာ (၆) ရက္မွာ အေမရိကန္ႏိုင္ငံ၊ နီဗားဒါးျပည္နယ္၊ လပ္ဗီးဂတ္စ္ရွိ T- Mobile Arena မွာ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။


ဂျိုရှူအာဗန်ပွဲကို သွားရောက်အားပေးမယ့် အောင်လအန်ဆန်
=========================
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာဟောင်း အောင်လအန်ဆန်က UFC – 323 ပြိုင်ပွဲမှာ ထိုးသတ်မယ့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်ပွဲကို သွားရောက်အားပေးမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားလာပါတယ်။

အောင်လအန်ဆန်က “ကျွန်တော် ဂျိုရှူအာဗန်ရဲ့ အတောက်ပဆုံးဖြစ်လာမယ့်အချိန် (ချန်ပီယံခါးပတ်ကိုင်မြောက်ခွင့်ကိုဆိုလို့) ကို မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံး သူ့ကို ချစ်ကြတယ်။ သူ့ကို ဂုဏ်ပြုကြမယ်။ ကျွန်တော်ကတော့ သူ့ပွဲကို လပ်ဗီးဂတ်စ်အထိ သွားရောက်အားပေးမှာပါ” လို့ ပိုစ်တင်ရေးသားခဲ့တာဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ UFC- 323 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာနဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

UFC- 323 ပြိုင်ပွဲကို လာမယ့်ဒီဇင်ဘာ (၆) ရက်မှာ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လပ်ဗီးဂတ်စ်ရှိ T- Mobile Arena မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။