အခြင့္အေရးဆိုတာ တိုက္ယူမွရမယ္ဆိုတဲ့ အေတြးေခၚေတြနဲ႔ လူငယ္ေတြကို လမ္းမွားကို ပို႔ပစ္လိုက္တာက ႏွေျမာဖို႔ အရမ္းေကာင္းတယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးေျပာ

အခြင့္အေရးဆိုတာ တိုက္ယူမွရမယ္ဆိုတဲ့ အေတြးေခၚေတြနဲ႔ လူငယ္ေတြကို လမ္းမွားကို ပို႔ပစ္လိုက္တာက ႏွေျမာဖို႔ အရမ္းေကာင္းတယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးေျပာ

၂၅-၁၁-၂၀၂၅၊

အခြင့္အေရးဆိုတာ တိုက္ယူမွရမယ္ဆိုတဲ့ အေတြးေခၚေတြနဲ႔ လူငယ္ေတြကို လမ္းမွားကို ပိုပစ္လိုက္တာက ႏွေျမာဖို အရမ္းေကာင္းတယ္လို ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး က ေျပာပါတယ္။
ယေန႔ မြန္းလြဲပိုင္းတြင္ ေပ်ာ္ဘြယ္ၿမိဳနယ္၊ က်ီနီေက်း႐ြာႏွင့္ သီးကုန္းေက်း႐ြာတိုရွိ မဲဆႏၵရွင္ျပည္သူေတြနဲ႔ ေတြ႕ဆုံရာမွာ ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး က ယင္းသို ေဆြးေႏြးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ ႏိုင္ငံတကာက ဖိအားေတြေပး၊ ေပးၿပီးေတာ့ ကြၽန္ေတာ္တို တိုင္းျပည္အတြက္ အရင္းအႏွီးေတြ ဘာေတြ မရဘူး။ ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့သူေတြလည္း လာၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံလို မရဘူး။ အဲ့ေတာ့ ကြၽန္ေတာ္တိုမွာ အလုပ္အကိုင္ မရွိဘူး။ အခြင့္အလမ္းေတြ မရွိဘူး။ မရွိေတာ့ ဘာျဖစ္လဲ၊ လူငယ္ေတြ အကုန္လုံးက တျခားတိုင္းျပည္ေတြပဲ သြားၿပီးေတာ့ အလုပ္လုပ္ၾကတယ္။ ဒါ့အျပင္ ပိုဆိုးတာက ခုနက ေျပာသလို အခြင့္အေရးဆိုတာ တိုက္ယူမွရမယ္ဆိုတဲ့ အေတြးေခၚေတြနဲ႔ လူငယ္ေတြကို လမ္းမွားကို ပိုပစ္လိုက္တယ္။ ႏွေျမာဖို အရမ္းေကာင္းတာပဲ။ အဲ့ေတာ့ ကြၽန္ေတာ္ကေတာ့ ကိုယ့္ေဆြေတြမ်ိဳးေတြ၊ ညီအကိုေမာင္ႏွမေတြမလို ဒီစကားေတြလည္း ပြင့္ပြင့္လင္းလင္း ရင္းရင္းႏွီးႏွီး ေျပာတာ။ အျဖစ္မခံနဲ႔ေတာ့” လို ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး က ေျပာပါတယ္။

မိဘျပည္သူေတြအေနနဲ႔ မိမိတိုရဲ႕ သား၊ သမီးေတြ အေတြးအေခၚေကာင္း၊ အသိအျမင္ေကာင္းေတြ ရရွိဖို ပညာတတ္ေအာင္ သင္ေပးရမယ္လို ၎က ဆိုပါတယ္။

ဦးေသာင္းေအးက “ ကြၽန္ေတာ္တိုက မညီၫြတ္တဲ့အခါ ႏိုင္ငံေတာ္က ခ်မွတ္ေပးထားတဲ့ မူဝါဒေတြ၊ လမ္းစဥ္ေတြကို ကိုယ္နဲ႔မတိုက္ဆိုင္တဲ့အခါက်ေတာ့ မလုပ္ခ်င္ေတာ့ဘူး၊ ဒီလိုေတြ ျဖစ္လာတယ္။ ဒါေတြက ဘယ္လိုေျပာမလဲ ဆိုေတာ့ မေကာင္းဘူးေပါ့။ တိုင္းျပည္ မတိုးတက္ရျခင္းက အဲ့တာပဲ” လို ေျပာပါတယ္။

မိမိတိုႏိုင္ငံရဲ႕ ပထမဦးဆုံးေသာ ဒီမိုကေရစီ အေျပာင္းအလဲကာလျဖစ္တဲ့ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္မွာ ျမန္မာႏိုင္ငံႀကီး စဥ္ဆက္မျပတ္ ဖြံၿဖိဳးတိုးတက္ေရးအတြက္ Myanmar Sustainable Development Plan ကို ပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး ေရးဆြဲကာ စီမံခ်က္ႀကီး ခ်ေပးခဲ့ေၾကာင္း၊ လက္ရွိ အစိုးရကလည္း ၎အေပၚ အေျခခံၿပီး ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ စီမံကိန္းတစ္ခ်ိဳကို လက္မွတ္ ေရးထိုးထားႏိုင္ခဲ့တယ္လို ဦးေသာင္းေအးက ေျပာပါသည္။


အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ လူငယ်တွေကို လမ်းမှားကို ပို့ပစ်လိုက်တာက နှမြောဖို့ အရမ်းကောင်းတယ်လို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးပြော

၂၅-၁၁-၂၀၂၅၊

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ လူငယ်တွေကို လမ်းမှားကို ပိုပစ်လိုက်တာက နှမြောဖို အရမ်းကောင်းတယ်လို ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး က ပြောပါတယ်။
ယနေ့ မွန်းလွဲပိုင်းတွင် ပျော်ဘွယ်မြိုနယ်၊ ကျီနီကျေးရွာနှင့် သီးကုန်းကျေးရွာတိုရှိ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး က ယင်းသို ဆွေးနွေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ နိုင်ငံတကာက ဖိအားတွေပေး၊ ပေးပြီးတော့ ကျွန်တော်တို တိုင်းပြည်အတွက် အရင်းအနှီးတွေ ဘာတွေ မရဘူး။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံလို မရဘူး။ အဲ့တော့ ကျွန်တော်တိုမှာ အလုပ်အကိုင် မရှိဘူး။ အခွင့်အလမ်းတွေ မရှိဘူး။ မရှိတော့ ဘာဖြစ်လဲ၊ လူငယ်တွေ အကုန်လုံးက တခြားတိုင်းပြည်တွေပဲ သွားပြီးတော့ အလုပ်လုပ်ကြတယ်။ ဒါ့အပြင် ပိုဆိုးတာက ခုနက ပြောသလို အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ လူငယ်တွေကို လမ်းမှားကို ပိုပစ်လိုက်တယ်။ နှမြောဖို အရမ်းကောင်းတာပဲ။ အဲ့တော့ ကျွန်တော်ကတော့ ကိုယ့်ဆွေတွေမျိုးတွေ၊ ညီအကိုမောင်နှမတွေမလို ဒီစကားတွေလည်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောတာ။ အဖြစ်မခံနဲ့တော့” လို ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။

မိဘပြည်သူတွေအနေနဲ့ မိမိတိုရဲ့ သား၊ သမီးတွေ အတွေးအခေါ်ကောင်း၊ အသိအမြင်ကောင်းတွေ ရရှိဖို ပညာတတ်အောင် သင်ပေးရမယ်လို ၎င်းက ဆိုပါတယ်။

ဦးသောင်းအေးက “ ကျွန်တော်တိုက မညီညွတ်တဲ့အခါ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေကို ကိုယ်နဲ့မတိုက်ဆိုင်တဲ့အခါကျတော့ မလုပ်ချင်တော့ဘူး၊ ဒီလိုတွေ ဖြစ်လာတယ်။ ဒါတွေက ဘယ်လိုပြောမလဲ ဆိုတော့ မကောင်းဘူးပေါ့။ တိုင်းပြည် မတိုးတက်ရခြင်းက အဲ့တာပဲ” လို ပြောပါတယ်။

မိမိတိုနိုင်ငံရဲ့ ပထမဦးဆုံးသော ဒီမိုကရေစီ အပြောင်းအလဲကာလဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံကြီး စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် Myanmar Sustainable Development Plan ကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲကာ စီမံချက်ကြီး ချပေးခဲ့ကြောင်း၊ လက်ရှိ အစိုးရကလည်း ၎င်းအပေါ် အခြေခံပြီး ဆက်လက်လုပ်ဆောင်နေတာကြောင့် စီမံကိန်းတစ်ချိုကို လက်မှတ် ရေးထိုးထားနိုင်ခဲ့တယ်လို ဦးသောင်းအေးက ပြောပါသည်။