ပါကစၥတန္ေလေၾကာင္းတိုက္ခိုက္မႈ အာဖဂန္ ၁၀ ဦးေသဆုံးဟု အာဖဂန္တာဝန္ရွိသူေျပာ

ပါကစၥတန္ေလေၾကာင္းတိုက္ခိုက္မႈ အာဖဂန္ ၁၀ ဦးေသဆုံးဟု အာဖဂန္တာဝန္ရွိသူေျပာ
===================
ပါကစၥတန္ေလတပ္က အာဖဂန္နစၥတန္အေရွ႕ပိုင္းေဒသကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ရာ အာဖဂန္ ၁၀ ဦး ေသဆုံးခဲ့ၿပီး ေလးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အာဖဂန္အစိုးရ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဇဘီဟူလာမူဂ်ာဟစ္က ႏိုဝင္ဘာလ ၂၅ ရက္က ေျပာၾကားခဲ့သည္။
ပါကစၥတန္ေလတပ္က ႏိုဝင္ဘာလ ၂၄ ရက္ ညသန္းေခါင္တြင္ ကို႔စ္ျပည္နယ္ ဂါဘက္ဇ္ေဒသကို ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ေသာေၾကာင့္ ေယာက္်ားေလး ငါးဦး၊ မိန္းကေလး ေလးဦး အပါအဝင္ ကေလး ကိုးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည္ဟု မူဂ်ာဟစ္ က လူမႈမီဒီယာတြင္ ေျပာၾကားခဲ့သည္။
ပါကစၥတန္ေလတပ္သည္ ႏိုဝင္ဘာလ ၂၃ ရက္တြင္ ကူနာႏွင့္ ပါက္ခ္တီကာျပည္နယ္မ်ားကို ေလေၾကာင္း တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာ အရပ္သားေလးဦးဒဏ္ရာရရွိခဲ့သည္ဟု ၎ကေျပာၾကားသည္။ သို႔ေသာ္ အဆိုပါ ေျပာၾကားခ်က္မ်ားႏွင့္ပတ္သက္ၿပီး ပါကစၥတန္ဘက္မွ မည္သည့္ထုတ္ျပန္ေၾကညာခ်က္မွ် မထုတ္ျပန္ေသး ေၾကာင္းသိရသည္။
ယခင္ကာလမ်ားတြင္ ပါကစၥတန္က တာလီဘန္မ်ားကို ေထာက္ပံ့ခဲ့သည္။ သို႔ေသာ္လည္း နယ္စပ္ေဒသ မ်ားတြင္ အစြန္းေရာက္အၾကမ္းဖက္မ်ားကို ႏွိမ္နင္းမႈႏွင့္ပတ္သက္ၿပီး ႏွစ္ဖက္အဖြဲ႕မ်ားၾကား သေဘာထားကြဲလြဲ ခဲ့ၾကသည္။
ယခုအခ်ိန္၌ ၎တို႔၏ဆက္ဆံေရးသည္ လက္နက္ကိုင္ပဋိပကၡမ်ား အျပန္အလွန္ျဖစ္ပြားၿပီး အဆိုးဆုံး အေျခအေနသို႔ ေရာက္ရွိလာခဲ့သည္။ အာဖဂန္အစိုးရႏွင့္ ပါကစၥတန္တို႔သည္ ေအာက္တိုဘာလတြင္ အေရးေပၚ ပစ္ခတ္တိုက္ခိုက္မႈ သေဘာတူညီခ်က္ကို သေဘာတူခဲ့သည္။
သို႔ေသာ္လည္း ထာဝရၿငိမ္းခ်မ္းေရး ညႇိႏႈိင္း ေဆြးေႏြးမႈမ်ားသည္ သေဘာတူညီမႈမရဘဲ အဆုံးသတ္ခဲ့သည္။ မၾကာေသးမီရက္မ်ားတြင္ ပါကစၥတန္ႏွင့္ အာဖဂန္ တပ္ဖြဲ႕မ်ားသည္ နယ္စပ္ေဒသတစ္ေလွ်ာက္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္ဟု ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှု အာဖဂန် ၁၀ ဦးသေဆုံးဟု အာဖဂန်တာဝန်ရှိသူပြော
===================
ပါကစ္စတန်လေတပ်က အာဖဂန်နစ္စတန်အရှေ့ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အာဖဂန် ၁၀ ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က နိုဝင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။
ပါကစ္စတန်လေတပ်က နိုဝင်ဘာလ ၂၄ ရက် ညသန်းခေါင်တွင် ကို့စ်ပြည်နယ် ဂါဘက်ဇ်ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ယောက်ျားလေး ငါးဦး၊ မိန်းကလေး လေးဦး အပါအဝင် ကလေး ကိုးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မူဂျာဟစ် က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ပါကစ္စတန်လေတပ်သည် နိုဝင်ဘာလ ၂၃ ရက်တွင် ကူနာနှင့် ပါက်ခ်တီကာပြည်နယ်များကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောကြားသည်။ သို့သော် အဆိုပါ ပြောကြားချက်များနှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်မှ မည်သည့်ထုတ်ပြန်ကြေညာချက်မျှ မထုတ်ပြန်သေး ကြောင်းသိရသည်။
ယခင်ကာလများတွင် ပါကစ္စတန်က တာလီဘန်များကို ထောက်ပံ့ခဲ့သည်။ သို့သော်လည်း နယ်စပ်ဒေသ များတွင် အစွန်းရောက်အကြမ်းဖက်များကို နှိမ်နင်းမှုနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့များကြား သဘောထားကွဲလွဲ ခဲ့ကြသည်။
ယခုအချိန်၌ ၎င်းတို့၏ဆက်ဆံရေးသည် လက်နက်ကိုင်ပဋိပက္ခများ အပြန်အလှန်ဖြစ်ပွားပြီး အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အာဖဂန်အစိုးရနှင့် ပါကစ္စတန်တို့သည် အောက်တိုဘာလတွင် အရေးပေါ် ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်ကို သဘောတူခဲ့သည်။
သို့သော်လည်း ထာဝရငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများသည် သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သည်။ မကြာသေးမီရက်များတွင် ပါကစ္စတန်နှင့် အာဖဂန် တပ်ဖွဲ့များသည် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။




