
======================
အိမ်ကွင်းမှာ အဲဗာန်တန်ကို ရှုံးနိမ့်သွားတဲ့ မန်ယူ
======================
ယနေ့နံနက်ပိုင်းက ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အဖြစ် မန်ယူနဲ့ အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အဲဗာတန်အသင်းက အိမ်ရှင်မန်ယူကို ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီဟာ ၁၃ မိနစ်မှာ အသင်းဖော်နောက်ခံလူ မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လို အနီကတ်ပြသခံခဲ့ရပါတယ်။
အဲဒီကတည်းက မန်ယူနိုက်တက်အသင်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ၂၉ မိနစ်မှာ ဒူးစ်ဘူရီဟောလ်က အဲဗာတန်အတွက် အနိုင်ဂိုး သွင်းခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖိုဒ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အရေးနိမ့်ခဲ့တာပါ။
အဲဗာတန်ကတော့ အဆင့် ၁၁ နေရာကို ရောက်လာပြီး မာဆေးဆိုက်ဒ်ဒါဘီပြိုင်ဘက် လီဗာပူးလ်အထက်မှာ ရပ်တည်နိုင်တာ ၂၀၁၅ နောက်ပိုင်း ပထမဆုံး ဖြစ်ခဲ့ပါတယ်။




