ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ သက္ႏွင္းအင္းေက်း႐ြာမွ မိဘျပည္သူမ်ားအား ေတြ႕ဆုံမဲဆြယ္


ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ သက္ႏွင္းအင္းေက်း႐ြာမွ မိဘျပည္သူမ်ားအား ေတြ႕ဆုံမဲဆြယ္
=========================
ႏိုဝင္ဘာ ၂၄ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ၂၃-၁၁-၂၀၂၅ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳနယ္၊ သက္ႏွင္းအင္းေက်း႐ြာအုပ္စုသိုသြားေရာက္ၿပီး မဲဆႏၵရွင္ျပည္သူအင္အား (၂၅၀)ေက်ာ္ႏွင့္ ေတြ႕ဆုံၿပီး မဲဆြယ္စည္း႐ုံးမႈ ျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံမဲဆြယ္ပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီက ေဇယ်ာသီရိၿမိဳနယ္တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္အေ႐ြးခ်ယ္ခံၿပီး မိမိႏွင့္အတူ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဦးတင္ဦးလြင္မွ အေ႐ြးခ်ယ္ခံမည္ျဖစ္ေၾကာင္း ကိုယ္စားလွယ္ေလာင္းမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားအား မိတ္ဆက္ေျပာၾကားပါသည္။ ဆက္လက္ၿပီး ပါတီဥကၠ႒မွ “လာမည့္ဒီဇင္ဘာလတြင္ က်င္းပျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲႏွင့္ ဆက္စပ္သည့္ ကိစၥရပ္မ်ား၊ ပါတီ၏ေ႐ြးေကာက္ပြဲေၾကညာစာတမ္း၊ ဆႏၵမဲမပ်က္မကြက္ေပးၾကေရးႏွင့္ မဲေပးပုံနည္းစနစ္မ်ား၊ ျပည္ခိုင္ၿဖိဳးပါတီအား ေ႐ြးခ်ယ္မဲေပးသင့္သည့္အခ်က္မ်ား၊ ပါတီျဖစ္တည္လာမႈသမိုင္း၊ ဖြဲစည္းပုံႏွင့္ လက္ရွိေဆာင္႐ြက္ေနမႈမ်ား”အား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားကာ မဲဆႏၵရွင္ျပည္သူမ်ား၏အနာဂတ္အတြက္ ျပည္ခိုင္ၿဖိဳးပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားကို ယုံၾကည္စိတ္ခ်စြာ ေ႐ြးခ်ယ္မဲေပးႏိုင္ေၾကာင္း မဲဆြယ္စည္း႐ုံးခဲ့ပါသည္။
ထိုေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒၊ ေဇယ်ာသီရိၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးခင္ရီသည္ ေတြ႕ဆုံပြဲသို တက္ေရာက္လာေသာ မိဘျပည္သူမ်ားတင္ျပသည့္ ေဒသဖြံၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ လိုအပ္ခ်က္မ်ားအား ျပန္လည္ရွင္းလင္းေဆြးေႏြးကာ မဲေပးစက္ျဖင့္ ဆႏၵမဲေပးျခင္းအား လက္ေတြ႕သ႐ုပ္ျပသေပးခဲ့ၿပီး ေတြ႕ဆုံပြဲအား “ျပည္ခိုင္ၿဖိဳးပါတီ ႏိုင္ရမည္” ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္၍ ႐ုတ္သိမ္းခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သက်နှင်းအင်းကျေးရွာမှ မိဘပြည်သူများအား တွေ့ဆုံမဲဆွယ်
=========================
နိုဝင်ဘာ ၂၄ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ၂၃-၁၁-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ သက်နှင်းအင်းကျေးရွာအုပ်စုသိုသွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူအင်အား (၂၅၀)ကျော်နှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံမဲဆွယ်ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဇေယျာသီရိမြိုနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံပြီး မိမိနှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးတင်ဦးလွင်မှ အရွေးချယ်ခံမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များအား မိတ်ဆက်ပြောကြားပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌမှ “လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊ ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်း၊ ဆန္ဒမဲမပျက်မကွက်ပေးကြရေးနှင့် မဲပေးပုံနည်းစနစ်များ၊ ပြည်ခိုင်ဖြိုးပါတီအား ရွေးချယ်မဲပေးသင့်သည့်အချက်များ၊ ပါတီဖြစ်တည်လာမှုသမိုင်း၊ ဖွဲစည်းပုံနှင့် လက်ရှိဆောင်ရွက်နေမှုများ”အား အကျယ်တဝံ့ရှင်းလင်းပြောကြားကာ မဲဆန္ဒရှင်ပြည်သူများ၏အနာဂတ်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများကို ယုံကြည်စိတ်ချစွာ ရွေးချယ်မဲပေးနိုင်ကြောင်း မဲဆွယ်စည်းရုံးခဲ့ပါသည်။
ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် တွေ့ဆုံပွဲသို တက်ရောက်လာသော မိဘပြည်သူများတင်ပြသည့် ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအား လက်တွေ့သရုပ်ပြသပေးခဲ့ပြီး တွေ့ဆုံပွဲအား “ပြည်ခိုင်ဖြိုးပါတီ နိုင်ရမည်” ကြွေးကြော်သံများ ကြွေးကြော်၍ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




