မစမ္းပါးကြၽန္းကို ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာအျဖစ္သတ္မွတ္

မစမ္းပါးကြၽန္းကို ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာအျဖစ္သတ္မွတ္
===================
ဝန္ႀကီးဌာနဟာ ၂၀၁၈ ခုႏွစ္ သစ္ေတာဥပေဒပုဒ္မ (၆)၊ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္ အမိန႔္ေၾကာ္ျငာစာအမွတ္ (၉၇/၂၀၂၅) အရ ၁၃၈၇ ခုႏွစ္၊ တန္ေဆာင္မုန္းလဆုတ္ (၂) ရက္ (၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္)မွစၿပီး သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနဟာ ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစဖို႔ ဒီေရေတာပင္ေတြဟာ ကပၸလီပင္လယ္ျပင္က ျဖစ္ေပၚလာႏိုင္တဲ့ သဘာဝ ေဘးအႏၲရာယ္ေတြကို တံတိုင္းသဖြယ္ တားဆီးကာကြယ္ေပးႏိုင္ဖို႔နဲ႔ ေဒသခံျပည္သူေတြ အတြက္ သား၊ ငါး၊ ပုစြန္ စတဲ့ ေရသယံဇာတေတြ အစဥ္မျပတ္ထုတ္ယူ သုံးစြဲႏိုင္ဖို႔နဲ႔ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ သစ္၊ ထင္း၊ တိုင္၊ ေမ်ာစတဲ့ သစ္ေတာထြက္ပစၥည္းေတြ ျဖည့္ဆည္းေပးႏိုင္ဖို႔၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲေတြ ေရရွည္တည္တံ့ထိန္းသိမ္းႏိုင္ဖို႔နဲ႔ သဘာဝပတ္ဝန္းက်င္ ေလထုကကာဗြန္မ်ားစြာ သိုေလွာင္ထိန္းညႇိေပးႏိုင္ဖို႔ လူသားတို႔ရဲ႕ စနစ္မက်ေသာ ေျမအသုံးခ်မႈေတြကို သစ္ေတာဥပေဒနဲ႔အညီ ထိေရာက္စြာ ကာကြယ္တားဆီးႏိုင္ဖို႔ ႏိုင္ငံေတာ္ရဲ႕ ရည္မွန္းခ်က္တစ္ရပ္ျဖစ္တဲ့ သစ္ေတာဖုံးလႊမ္းမႈဧရိယာ တိုးပြားလာေစဖို႔ရည္႐ြယ္ၿပီး ႀကိဳးဝိုင္း/ႀကိဳးျပင္ကာကြယ္ေတာေတြကို ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

မစမ္းပါးကြၽန္း ဒီေရေတာႀကိဳးျပင္ကာကြယ္ ေတာသတ္မွတ္ျခင္းအားျဖင့္ အဆိုပါဧရိယာအတြင္း ေပါက္ေရာက္လ်က္ရွိတဲ့ ျဗဴးေျခေထာက္၊ ျဗဴးအုပ္ေဆာင္း၊ ငွက္(ခ)ႏွံျဗဴး၊ ကနစို၊ လန္းဘဲ၊ က်န၊ ပင္လယ္အုန္း၊ ကဗ်ိဳင္၊ ဘူးဇရပ္၊ လမု၊ သမဲ့၊ မဓမပင္၊ ခရာ၊ ဇလိပ္ႏြယ္ႏွင့္ တေမာ္စသည့္ ဒီေရေတာပင္မ်ား ေပါက္ေရာက္မႈကို ေရရွည္တည္တံ့ေစဖို႔ ကာကြယ္ ႏိုင္ျခင္း၊ ေရငန္ငါးအမ်ိဳးမ်ိဳး၊ ခ႐ုမ်ိဳးစုံ၊ ကဏန္းမ်ိဳးစုံ၊ ပုစြန္မ်ိဳးစုံ၊ ဗ်ိဳင္း၊ ဗ်ိဳင္းေအာက္၊ ၾကက္တူေ႐ြး၊ သိမ္းငွက္၊ ပန္းဇင္ငွက္၊ ငွက္စလုံ (တင္က်ီးငွက္)နဲ႔ ငွက္တုံးငွက္မ်ိဳးေတြ က်က္စားရာေဒသကို ထိန္းသိမ္းႏိုင္ျခင္း၊ ေဒသခံေတြ အတြက္ ဆူနာမီမုန္တိုင္းအစရွိတဲ့ သဘာဝေဘးအႏၲရာယ္က ကာကြယ္ေပးႏိုင္ျခင္း၊ ကမ္း႐ိုးတန္းေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳေစျခင္း၊ သား၊ ငါး၊ ပုစြန္ေတြ ခိုေအာင္းေပါက္ပြား ရွင္သန္ႏိုင္သျဖင့္ ေဂဟစနစ္ပိုမို ေကာင္းမြန္လာႏိုင္ၿပီး ေဒသခံမ်ားအတြက္ တစ္ဖက္တစ္လမ္းက ဝင္ေငြတိုးပြားလာေစျခင္း၊ ေဒသခံမ်ားအတြက္ အေျခခံလိုအပ္တဲ့ သစ္၊ တိုင္၊ ေမ်ာ၊ ထင္း၊ ေလာင္စာေတြအတြက္လည္း အေထာက္အကူျပဳ ေစႏိုင္ျခင္စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။


မစမ်းပါးကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်
===================
ဝန်ကြီးဌာနဟာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့ ဒီရေတောပင်တွေဟာ ကပ္ပလီပင်လယ်ပြင်က ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေ အတွက် သား၊ ငါး၊ ပုစွန် စတဲ့ ရေသယံဇာတတွေ အစဉ်မပြတ်ထုတ်ယူ သုံးစွဲနိုင်ဖို့နဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သစ်၊ ထင်း၊ တိုင်၊ မျောစတဲ့ သစ်တောထွက်ပစ္စည်းတွေ ဖြည့်ဆည်းပေးနိုင်ဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် လေထုကကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ဖို့ လူသားတို့ရဲ့ စနစ်မကျသော မြေအသုံးချမှုတွေကို သစ်တောဥပဒေနဲ့အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေဖို့ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ် တောသတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိတဲ့ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များ ပေါက်ရောက်မှုကို ရေရှည်တည်တံ့စေဖို့ ကာကွယ် နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (တင်ကျီးငှက်)နဲ့ ငှက်တုံးငှက်မျိုးတွေ ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံတွေ အတွက် ဆူနာမီမုန်တိုင်းအစရှိတဲ့ သဘာဝဘေးအန္တရာယ်က ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်တွေ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်တဲ့ သစ်၊ တိုင်၊ မျော၊ ထင်း၊ လောင်စာတွေအတွက်လည်း အထောက်အကူပြု စေနိုင်ခြင်စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။