ေအာင္လံၿမိဳ႕နယ္၊ ေဈးကုန္းရပ္ကြက္(ဝါ႐ုံ)ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲ

ေအာင္လံၿမိဳ႕နယ္၊ ေဈးကုန္းရပ္ကြက္(ဝါ႐ုံ)ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံပြဲ
==========================
ႏို၀င္ဘာ(၂၀)ရက္
ယေန႔ နံနက္ ၉.၁၅နာရီခ်ိန္ခန႔္တြင္ ေအာင္လံမဲဆႏၵနယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ မေကြးခ႐ိုင္ပါတီအတြင္းေရးမႉး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း(FPTP) ဦးေအာင္ႏိုင္၊ ေအာင္လံခ႐ိုင္ပါတီဥကၠဌ၊ မေကြးတိုင္းေဒသႀကီးတိုင္းေဒသႀကီးလႊတ္ေတာ္(FPTP) လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးစန္းလြင္ႏွင့္ခ႐ိုင္၊ ၿမိဳ႕နယ္ပါတီေကာ္မတီ၀င္မ်ားသည္ မေကြးတိုင္းေဒသႀကီး၊ ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္ ၊ ေဈးကုန္းရပ္ကြက္(ဝါ႐ုံ)တြင္မဲဆြယ္စည္း႐ုံး ေတြ႕ဆုံပြဲက်င္းပခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ေအာင္ခ်စ္မွ မိမိတို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီစတင္ျဖစ္ေပၚလာပုံ၊ ပါတီသည္တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ၊ အလႊာေပါင္းစုံျဖင့္ စနစ္တက် ဖြဲ႕စည္းထားေသာ ျပည္ေထာင္စုပါတီျဖစ္ေၾကာင္း၊ မိမိတို႔ပါတီသည္ေ႐ြးေကာက္ပြဲအတြက္ ထုတ္ျပန္ခဲ့ေသာ ပါတီ၏ ေ႐ြးေကာက္ပြဲ ကတိက၀တ္ မ်ားသည္ ေ႐ြးေကာက္ပြဲနားနီးမွ ေရးဆြဲျပဌာန္းခဲ့ေသာ မူဝါဒမ်ား၊ ကတိက၀တ္မ်ားမဟုတ္ဘဲ ပါတီအေနျဖင့္ တတ္သိပညာရွင္မ်ားျဖင့္ ႏိုင္ငံေတာ္၏ က႑ေပါင္းစုံအား ႏွစ္ရွည္လမ်ား သုေတသနျပဳလုပ္ၿပီး ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္အမွန္တကယ္ေဆာင္႐ြက္ေပးႏိုင္ေသာကတိကဝတ္မ်ားျဖစ္ေၾကာင္း၊ မိမိတို႔ပါတီအား တာ၀န္ေပးအပ္လာပါက ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးအား အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ပါတီ၏ေ႐ြးေကာက္ပြဲ ကတိက၀တ္မ်ားႏွင့္ ေ႐ြးေကာက္ပြဲေၾကျငာစာတမ္းအား ရွင္းလင္းေျပာၾကားခဲ့ကာ မိဘျပည္သူမ်ားအေနျဖင့္ “မိမိတို႔၏ မဲတစ္ျပားအား ႏွလုံးသားျဖင့္မဆုံးျဖတ္ဘဲ ဦးေႏွာက္ျဖင့္စဥ္းစားေ႐ြးခ်ယ္”ၾကရန္ တိုက္တြန္းေျပာၾကားခဲ့ၿပီး မိမိအား ေအာင္လံၿမိဳ႕နယ္၊ ေဈးကုန္းရပ္ကြက္(ဝါ႐ုံ)မွျပည္သူမ်ား ေ႐ြးခ်ယ္တာ၀န္ေပးအပ္လာပါက “ေပးထားေသာ ကတိမ်ားကို တည္ေစ ရမည္” ဟု ကတိက၀တ္ျပဳကာ ျခေသၤ့တံဆိပ္ကိုမဲေပးၾကရန္ေျပာၾကားခဲ့ပါသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္မွ မိတ္ဆက္စကားေျပာၾကားျခင္း၊ ျပည္သူမ်ားအေနျဖင့္ အစိုးရဖြဲ႕ႏိုင္ေသာ ပါတီကို မဲေပးေ႐ြးခ်ယ္ၾကရန္ႏွင့္ မိမိတို႔ေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ေဒသ၏အက်ိဳးစီးပြား တိုးတက္ ေကာင္းမြန္လာေစေရးအတြက္ တာ၀န္ေပးအပ္လာပါက ႀကိဳးစားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ မိမိတို႔ ပါတီအား ေ႐ြးခ်ယ္မဲေပးၾကရန္ ေျပာၾကားခဲ့ပါသည္။
ေအာင္လံခ႐ိုင္ပါတီဥကၠဌ ဦးစန္းလြင္မွ မိမိတို႔ပါတီအား တာ၀န္ေပးအပ္လာပါကေအာင္လံၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္အစြမ္းကုန္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ပထမအႀကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္စဥ္ကလည္း အေျပာမဟုတ္ဘဲ ေအာင္လံၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေဆာင္႐ြက္ေပးခဲ့သလို ယခုတစ္ႀကိမ္တြင္လည္း ျပည္သူလူထု၏ အက်ိဳးစီးပြားအား တိုးတက္ျမင့္မားေအာင္ ေဆာင္႐ြက္ႏိုင္စြမ္းရွိေသာ မိမိတို႔၏ပါတီအား မဲေပးၾကရန္ႏွင့္ ျပည္သူမ်ားအေနျဖင့္ လူပုဂၢိဳလ္ကိုမၾကည့္ဘဲ ျပည္သူလူထု၏ အခက္အခဲအား အမွန္တကယ္ ေျဖရွင္းေဆာင္႐ြက္ ေပးႏိုင္ေသာ ကိုယ္စားလွယ္မ်ားကိုမဲေပးၾကရန္လိုေၾကာင္း၊ မဲေပးပုံနည္းစနစ္မ်ားကို တက္ေရာက္လာသူမ်ားကိုရွင္းလင္းတင္ျပခဲ့ကာ တက္ေရာက္လာၾကသူမ်ားႏွင့္အျပန္အလွန္ေဆြးေႏြးၿပီး ေန႔လည္ ၁၁:၂၅နာရီခ်ိန္တြင္ ေတြ႕ဆုံပြဲၿပီးဆုံးခဲ့ပါသည္။
ေတြ႕ဆုံပြဲသို႔ ေဈးကုန္းရပ္ကြက္(ဝါ႐ုံ)ေန ျပည္သူ (၁၅၀)ဦး တက္ေရာက္ခဲ့ပါသည္။


အောင်လံမြို့နယ်၊ ဈေးကုန်းရပ်ကွက်(ဝါရုံ)ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ
==========================
နို၀င်ဘာ(၂၀)ရက်
ယနေ့ နံနက် ၉.၁၅နာရီချိန်ခန့်တွင် အောင်လံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ မကွေးခရိုင်ပါတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအောင်နိုင်၊ အောင်လံခရိုင်ပါတီဥက္ကဌ၊ မကွေးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော်(FPTP) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းလွင်နှင့်ခရိုင်၊ မြို့နယ်ပါတီကော်မတီ၀င်များသည် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ၊ ဈေးကုန်းရပ်ကွက်(ဝါရုံ)တွင်မဲဆွယ်စည်းရုံး တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ချစ်မှ မိမိတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစတင်ဖြစ်ပေါ်လာပုံ၊ ပါတီသည်တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ပြည်ထောင်စုပါတီဖြစ်ကြောင်း၊ မိမိတို့ပါတီသည်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့သော ပါတီ၏ ရွေးကောက်ပွဲ ကတိက၀တ် များသည် ရွေးကောက်ပွဲနားနီးမှ ရေးဆွဲပြဌာန်းခဲ့သော မူဝါဒများ၊ ကတိက၀တ်များမဟုတ်ဘဲ ပါတီအနေဖြင့် တတ်သိပညာရှင်များဖြင့် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံအား နှစ်ရှည်လများ သုတေသနပြုလုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက်အမှန်တကယ်ဆောင်ရွက်ပေးနိုင်သောကတိကဝတ်များဖြစ်ကြောင်း၊ မိမိတို့ပါတီအား တာ၀န်ပေးအပ်လာပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီ၏ရွေးကောက်ပွဲ ကတိက၀တ်များနှင့် ရွေးကောက်ပွဲကြေငြာစာတမ်းအား ရှင်းလင်းပြောကြားခဲ့ကာ မိဘပြည်သူများအနေဖြင့် “မိမိတို့၏ မဲတစ်ပြားအား နှလုံးသားဖြင့်မဆုံးဖြတ်ဘဲ ဦးနှောက်ဖြင့်စဉ်းစားရွေးချယ်”ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မိမိအား အောင်လံမြို့နယ်၊ ဈေးကုန်းရပ်ကွက်(ဝါရုံ)မှပြည်သူများ ရွေးချယ်တာ၀န်ပေးအပ်လာပါက “ပေးထားသော ကတိများကို တည်စေ ရမည်” ဟု ကတိက၀တ်ပြုကာ ခြင်္သေ့တံဆိပ်ကိုမဲပေးကြရန်ပြောကြားခဲ့ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ ပြည်သူများအနေဖြင့် အစိုးရဖွဲ့နိုင်သော ပါတီကို မဲပေးရွေးချယ်ကြရန်နှင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသ၏အကျိုးစီးပွား တိုးတက် ကောင်းမွန်လာစေရေးအတွက် တာ၀န်ပေးအပ်လာပါက ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ ပါတီအား ရွေးချယ်မဲပေးကြရန် ပြောကြားခဲ့ပါသည်။
အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ မိမိတို့ပါတီအား တာ၀န်ပေးအပ်လာပါကအောင်လံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကလည်း အပြောမဟုတ်ဘဲ အောင်လံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးခဲ့သလို ယခုတစ်ကြိမ်တွင်လည်း ပြည်သူလူထု၏ အကျိုးစီးပွားအား တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိသော မိမိတို့၏ပါတီအား မဲပေးကြရန်နှင့် ပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်ကိုမကြည့်ဘဲ ပြည်သူလူထု၏ အခက်အခဲအား အမှန်တကယ် ဖြေရှင်းဆောင်ရွက် ပေးနိုင်သော ကိုယ်စားလှယ်များကိုမဲပေးကြရန်လိုကြောင်း၊ မဲပေးပုံနည်းစနစ်များကို တက်ရောက်လာသူများကိုရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာကြသူများနှင့်အပြန်အလှန်ဆွေးနွေးပြီး နေ့လည် ၁၁:၂၅နာရီချိန်တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ဈေးကုန်းရပ်ကွက်(ဝါရုံ)နေ ပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။