တိုင္းျပည္တြင္ ျဖစ္ပ်က္ေနသည့္ ဒုကၡသုခမ်ားကို တတ္ႏိုင္သေလာက္ ထမ္းပိုးၿပီးေတာ့ ေက်ာ္လႊားေပးခ်င္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးဆို

တိုင္းျပည္တြင္ ျဖစ္ပ်က္ေနသည့္ ဒုကၡသုခမ်ားကို တတ္ႏိုင္သေလာက္ ထမ္းပိုးၿပီးေတာ့ ေက်ာ္လႊားေပးခ်င္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးဆို

၂၀-၁၁-၂၀၂၅၊ ျမန္မာ့ဂုဏ္

တိုင္းျပည္တြင္ ျဖစ္ပ်က္ေနသည့္ ဒုကၡသုခမ်ားကို တတ္ႏိုင္သေလာက္ ထမ္းပိုးၿပီးေတာ့ ေက်ာ္လႊားေပးခ်င္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးက ဆိုသည္။
ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားသို႔ ႏိုဝင္ဘာ ၂၀ ရက္က သြားေရာက္၍ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး က အထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့သည္။
“ ကြၽန္ေတာ္တို႔က လူထုကို ခ်စ္တယ္။ ဒီတိုင္းျပည္ကို ခ်စ္တယ္။ ျဖစ္ပ်က္ေနတဲ့ ဒုကၡသုခေတြကို ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ထမ္းပိုးၿပီးေတာ့ ေက်ာ္လႊားေပးခ်င္တယ္၊ ဒါပါပဲ။ ဒါေၾကာင့္မို႔ ငါးႏွစ္ လႊတ္ေတာ္ မရွိေပမယ့္လည္း ကြၽန္ေတာ္တို႔ ပါတီက အဲ့လို ေဆြးေႏြးခဲ့တာ။ အဲ့ဒီလိုေတြ ကိုယ့္ျပည္သူေတြအတြက္ ေကာင္းရာေကာင္းက်ိဳးကို စဥ္းစားၿပီး လုပ္ေနၾကတာ။ ဒါေၾကာင့္မို႔မဲဆႏၵ ေပးတဲ့အခါမွာ တကယ့္ လူေကာင္းသူေကာင္းကို စဥ္းစား၊ ကြၽန္ေတာ္ကေတာ့ မိဘျပည္သူေတြကို ေျပာၿပီးၿပီ၊ ကြၽန္ေတာ္ကိုယ္တိုင္ ေ႐ြးခ်ယ္ေရးထဲမွာ တာဝန္ခံၿပီး လုပ္ေနရတာျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ ကိုယ္စားလွယ္ေတြကို ကြၽန္ေတာ္ အာမခံတယ္။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လည္း အာမခံတယ္” ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး က ဆိုသည္။
လာမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ မိမိတို႔ ေ႐ြးခ်ယ္လိုက္ေသာ ကိုယ္စားလွယ္မ်ားသည္ ကိုယ့္ရပ္ကိုယ့္႐ြာအတြက္ ေကာင္းရာေကာင္းက်ိဳး လုပ္ေဆာင္ေပးမည့္သူမ်ားကို ေ႐ြးခ်ယ္ေပးရန္ လိုေၾကာင္း၊ မိမိတို႔ ေဒသႏွင့္ နယ္ေျမကို သစၥာရွိသူမ်ား၊ တိုင္းျပည္ကို ခ်စ္သူမ်ား၊ အေတြ႕အႀကဳံႏွင့္ အရည္အခ်င္းရွိသူမ်ားကို ေ႐ြးခ်ယ္ၾကရန္လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး က ဆိုသည္။
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအးက “ ဒီဇင္ဘာ ၂၈ ရက္ ျပာသိုလဆန္း ၁၀ ရက္ အဲ့ဒီေန႔မွာ မဲသြားထည့္ရမယ္။ မဲထည့္ဖို႔အတြက္ မဲဆႏၵရွင္ စာရင္းမွာ ပါၿပီလား။ ၾကည့္ေရာ ၾကည့္လို႔လား။ သူမ်ားေတြက မဲမထည့္နဲ႔ ဘာညာ၊ ေ႐ြးေကာက္ပြဲႀကီးကို နင္တို႔အတြက္မဟုတ္ဘူး။ ဘာအတြက္ ညာအတြက္၊ တပ္က မတရားလုပ္ေနတာတို႔ ဘာတို႔ မၾကားဘူးလား။ အဲ့တာ နားေယာင္ၿပီးေတာ့ သြားမၾကည့္ဘူးလား။ အဲ့လို မၾကည့္တဲ့သူေတြ မရွိဘူးေနာ္။ အဲ့ေတာ့ မဲဆႏၵရွင္ စာရင္းမွာ ပါရမယ္။ မဲစာရင္းမွာ ပါရမယ္။ ပထမအႀကိမ္ ကပ္ၿပီးၿပီ။ မပါတဲ့သူေတြကို ထပ္ထည့္ဖို႔ အခ်ိန္ေပး ထားတယ္။ ဒုတိယအႀကိမ္ ထပ္ထြက္မယ္။ ဒီရက္ပိုင္းအတြင္း ထပ္ထြက္မွာေပါ့။ ဒုတိယအႀကိမ္ ကပ္ရင္လည္း ပါ၊ မပါ သြားၾကည့္ၾကေနာ္။ မဲစာရင္းမွာ ပါမွ မဲေပးလို႔ရတယ္။ ခုနက ေ႐ြးေကာက္ပြဲဟာ ကိုယ့္အတြက္ ျဖစ္တဲ့အတြက္ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ဖို႔လိုတယ္လို႔ အားလုံး သေဘာတူတယ္မလား။ ေအာင္ျမင္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔ မဲသြားေပး၊ မဲသြားထည့္မွ ျပည့္ျပည့္ဝဝ ေအာင္ျမင္မွာေပါ့။ ႏို႔မို႔ဆိုရင္ တစ္စြန္းတစ္စပဲ ေအာင္ျမင္သြားမယ္။ ၾကည့္မေကာင္းဘူးေပါ့” ဟု ေျပာၾကားသည္။
ထို႔ေၾကာင့္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မဲစာရင္းတြင္ မိမိတို႔၏ အမည္မ်ား ပါဝင္ျခင္း ရွိ၊ မရွိ သြားေရာက္ ၾကည့္ရႈၾကရန္ႏွင့္ လာမည့္ ဒီဇင္ဘာ ၂၈ ရက္တြင္ မဲ႐ုံမ်ားသို႔ သြားေရာက္၍ မဲသြားထည့္ၾကရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေသာင္းေအး က တိုက္တြန္းခဲ့သည္။


တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ဒုက္ခသုခများကို တတ်နိုင်သလောက် ထမ်းပိုးပြီးတော့ ကျော်လွှားပေးချင်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးဆို

၂၀-၁၁-၂၀၂၅၊ မြန်မာ့ဂုဏ်

တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ဒုက္ခသုခများကို တတ်နိုင်သလောက် ထမ်းပိုးပြီးတော့ ကျော်လွှားပေးချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ဆိုသည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုဝင်ဘာ ၂၀ ရက်က သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
“ ကျွန်တော်တို့က လူထုကို ချစ်တယ်။ ဒီတိုင်းပြည်ကို ချစ်တယ်။ ဖြစ်ပျက်နေတဲ့ ဒုက္ခသုခတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ထမ်းပိုးပြီးတော့ ကျော်လွှားပေးချင်တယ်၊ ဒါပါပဲ။ ဒါကြောင့်မို့ ငါးနှစ် လွှတ်တော် မရှိပေမယ့်လည်း ကျွန်တော်တို့ ပါတီက အဲ့လို ဆွေးနွေးခဲ့တာ။ အဲ့ဒီလိုတွေ ကိုယ့်ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုးကို စဉ်းစားပြီး လုပ်နေကြတာ။ ဒါကြောင့်မို့မဲဆန္ဒ ပေးတဲ့အခါမှာ တကယ့် လူကောင်းသူကောင်းကို စဉ်းစား၊ ကျွန်တော်ကတော့ မိဘပြည်သူတွေကို ပြောပြီးပြီ၊ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ရေးထဲမှာ တာဝန်ခံပြီး လုပ်နေရတာဖြစ်တဲ့အတွက် ကျွန်တော့် ကိုယ်စားလှယ်တွေကို ကျွန်တော် အာမခံတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အာမခံတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိမိတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် ကိုယ့်ရပ်ကိုယ့်ရွာအတွက် ကောင်းရာကောင်းကျိုး လုပ်ဆောင်ပေးမည့်သူများကို ရွေးချယ်ပေးရန် လိုကြောင်း၊ မိမိတို့ ဒေသနှင့် နယ်မြေကို သစ္စာရှိသူများ၊ တိုင်းပြည်ကို ချစ်သူများ၊ အတွေ့အကြုံနှင့် အရည်အချင်းရှိသူများကို ရွေးချယ်ကြရန်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက “ ဒီဇင်ဘာ ၂၈ ရက် ပြာသိုလဆန်း ၁၀ ရက် အဲ့ဒီနေ့မှာ မဲသွားထည့်ရမယ်။ မဲထည့်ဖို့အတွက် မဲဆန္ဒရှင် စာရင်းမှာ ပါပြီလား။ ကြည့်ရော ကြည့်လို့လား။ သူများတွေက မဲမထည့်နဲ့ ဘာညာ၊ ရွေးကောက်ပွဲကြီးကို နင်တို့အတွက်မဟုတ်ဘူး။ ဘာအတွက် ညာအတွက်၊ တပ်က မတရားလုပ်နေတာတို့ ဘာတို့ မကြားဘူးလား။ အဲ့တာ နားယောင်ပြီးတော့ သွားမကြည့်ဘူးလား။ အဲ့လို မကြည့်တဲ့သူတွေ မရှိဘူးနော်။ အဲ့တော့ မဲဆန္ဒရှင် စာရင်းမှာ ပါရမယ်။ မဲစာရင်းမှာ ပါရမယ်။ ပထမအကြိမ် ကပ်ပြီးပြီ။ မပါတဲ့သူတွေကို ထပ်ထည့်ဖို့ အချိန်ပေး ထားတယ်။ ဒုတိယအကြိမ် ထပ်ထွက်မယ်။ ဒီရက်ပိုင်းအတွင်း ထပ်ထွက်မှာပေါ့။ ဒုတိယအကြိမ် ကပ်ရင်လည်း ပါ၊ မပါ သွားကြည့်ကြနော်။ မဲစာရင်းမှာ ပါမှ မဲပေးလို့ရတယ်။ ခုနက ရွေးကောက်ပွဲဟာ ကိုယ့်အတွက် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အောင်မြင်ဖို့လိုတယ်လို့ အားလုံး သဘောတူတယ်မလား။ အောင်မြင်ဖို့ဆိုတာ ကျွန်တော်တို့ မဲသွားပေး၊ မဲသွားထည့်မှ ပြည့်ပြည့်ဝဝ အောင်မြင်မှာပေါ့။ နို့မို့ဆိုရင် တစ်စွန်းတစ်စပဲ အောင်မြင်သွားမယ်။ ကြည့်မကောင်းဘူးပေါ့” ဟု ပြောကြားသည်။
ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိတို့၏ အမည်များ ပါဝင်ခြင်း ရှိ၊ မရှိ သွားရောက် ကြည့်ရှုကြရန်နှင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မဲရုံများသို့ သွားရောက်၍ မဲသွားထည့်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က တိုက်တွန်းခဲ့သည်။